မကွေးတွင် PDF ၈ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်။
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်တွင် စစ်ဆင်ရေး ထွက်လာသည့် PDF ၈ ဦး ကျဆုံးပြီး လက်နက် ၇ လက်ဆုံးသွားခဲ့သည်။
မေလ ၂၉ ရက်နေ့၊ ညက စစ်ဆင်ရေး ထွက်လာသည့် ဒေသခံက ာကွယ်ရေးတပ်ဖွဲ့ဝင် အချို့သည် အထက်မင်း လှ မြို့နယ်၊ ပုသိမ်-မုံရွာ လမ်းနှင့် သရက်-မင်းဘူး ကားလမ်းကို ဆက်သွယ်ထားသည့် နေရာတွင် တိုက်ခိုက်ခံရ ခြင်း ဖြစ်သည်။
အဆိုပါ နေရာသည် ဒေသအခေါ် ကန်တုတ်နှင့် စစ္စနို့လမ်း အဆိုပါလမ်းပေါ်က ဒီးဒုတ်ကန်ကျေးရွာ အနီးတွင် စောင့်ကြို တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ လူမှုကူညီရေးဝန်ထမ်းတစ်ဦး က ”စစ္စနိုး လမ်းပေါ်မှာ ဒီးဒုတ်ကန်ရွာ နားကြက်ခြံကုန်းတက်နားမှာ ပ။ စောက်ပုံ ဝိုင်းပစ်သွားတာ။ သူတို့ပြောတာတော့ အားလုံးပေါင်း ၁၆ ယောက်၊ ၈ ယောက်သေ ၈ယောက် ထွက် ပြေး လွတ်မြောက်တယ်လို့ ပြောတယ်” ဟု ပြောသည်။
ဖောကားနှင့် ထွက်ခွာလာသော PDF အဖွဲ့ကို အတွင်း သတင်းပေးသူ အဖြစ် အောင်လံမြို့က ဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ပြောဆိုသည်။
သတင်းပေါက်ကြားမှု ရှိ၍သာ ယခုကဲ့သို့ တိုက်ခိုက်ခံရမှုတွင် လူနှင့် လက်နက် ဆုံးရှုံးမှု များလွန်းသည် ဟု တိမ်းရှောင်နေရသည့် CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦး က ပြောသည်။
”အဲ့ဒီဘက်မှာ (မင်းလှဘက်) က ဒီလိုမခံရဘူးတဲ့ အပြင် ကိုယ်ကပဲ ဦးအောင်ဆော်နေတာ။ အခုတော့ ပေးဆပ် ရတာ မတန်ဘူးဗျာ” ဟု အဆိုပါ CMD ကျန်းမာရေးဝန်ထမ်းက ပြောသည်။
မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုဦးရေ နှင့် လက်နက်ဆုံးရှုံးမှုသည် ယခင်က မရှိခဲ့ဘဲ ယခုတစ်ကြိမ် ထိခိုက်ဆုံးရှုံးမှုသည် အများဆုံး အခြေအနေဟု ဆိုနိုင်သည်ဟု ပြောသည်။
ဖောကားတစ်စီး၊ M-22 အမျိုးအစား သေနတ်၄ လက်၊ K-12 အမျိုးအစား သေနတ် ၁ လက်၊ Sporting ရိုင် ဖယ် ၁ လက်၊ M-416 ကာဘိုင် ၁ လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-16 ကျည်အိမ် ၁ ခု၊ Sporting ရိုင်ဖယ် ကျည်အိမ် ၁ ခု၊ ၅ ဒဿမ ၅၆ ကျည် ၁၀၄ တောင့်၊ ၇ ဒဿမ ၆၂ ကျည် ၈၀၀ တောင့်၊ Sporting ရိုင်ဖယ်ကျည် ၅ တောင့်တို့ ဖြစ်သည်ဟု စစ်ကောင်စီ၏ ကြေးနန်းသတင်းအရ သိရသည်။