ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒတွေ ရေးဆွဲရေး အပါအဝင်ရှေ့လုပ်ငန်းစဉ် ၄ ရပ် ကို စစ်ကိုင်းဖိုရမ် ချမှတ်

စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူဝါဒတွေ ရေးဆွဲရေးအပါအဝင် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် ၄ ရပ်ကို လုပ်ဆောင်သွားမယ်လို့ ပထမအကြိမ် ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်ကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။