တအာင်းလက်နက်ကိုင်အဖွဲ့က ကြိုးဝိုင်းနယ်မြေသတ်မှတ်
အဲသလိုလုပ်ဆောင်တာဟာ ဒေသအတွင်းရှိ အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခဖြစ်အောင် နယ်မြေရယူလိုမှုနဲ့ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ ဒေသခံတွေအပေါ် ကျရောက်လာနိုင်တဲ့ ရေပြတ်လပ်မှုပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောပါတယ်။