တိုက်ပွဲတွင် အရပ်သား မိခင် သေဆုံး၊ လသားကလေးငယ် ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လသားအရွယ် ကလေးငယ် တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။