ကရင် စာ/ယဉ် အဖွဲ့က ကော်မတီဝင်အား အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၁၀ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။

ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဆက်စပ်သည်ဟုဆိုကာ မြောင်းမြထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်သည်။

ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့နယ်က ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းသည် ဒေသတွင်း တက်ကြွလှုပ်ရှားသူ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ဆောင်သူ လူငယ်တစ်ဦးသာ ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ကော်မတီဝင်များက ပြောသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကော်မတီဝင် တစ်ဦး က “တကယ်တော့ သူကလူငယ်ဖွံ့ဖြိုးရေးတွေကို လုပ်နေ တာပေါ့။ ကွန်ပျူတာ အခြေခံသင်တန်းတွေ ဖွင့်ပြီး လူငယ် တွေကို သင်ပေးနေတာ။ အဲ့ဒါကိုက အပြစ်ပဲလေ။ မျက်စိ စပါးမွှေးစူးလို့ ဖမ်းတာပေါ့” ပြောသည်။

မြောင်းမြထောင်တွင်း တရားရုံးက စသိန်းဇော်မင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည့်အပြင် ၎င်း နှင့်အတူ အခြား လူငယ်အမျိုးသား ၂ ဦးဖြစ်သည့် စောနေမူး နှင့် မျိုးကျော်တို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ (အလုပ်ကြမ်းမပါ) ချလိုက်သည်ဟု အကျဉ်းထောင် နှင့် နီးစပ်သူ များက ပြောသည်။

“သူတို့သုံးယောက်လုံးကို အကြမ်းဖက်ပုဒ်မ ၂ ခု စီနဲ့ တရားစွဲပြီး ထောင် ၁၀ နစ်ချလိုက်တာ။ ချုပ်ရက်တွေ တော့ ခံစားခွင့်ရတယ်” ဟု ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် တစ်ဦး က ပြောသည်။

စသိန်းဇော်မင်းကို ဇန္နဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ် အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က၊ ၅၂-က တို့ဖြင့် တရားစွဲဆိုခဲ့ ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

စသိန်းဇော်မင်းနှင့် လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် မြောင်းမြ ထောင်တွင်းတရားရုံးက ဇူလိုင် လ ၅ ရက်နေ့က အမိန့်ချခဲ့သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများကပြောသည်။

အလားတူ စသိန်းဇော်မင်းကို ဇန္နဝါရီလ ၁၃ ရက်နေ့ကလည်း အိမ်မဲမြို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ရုံး၌ အစည်း အဝေး ပြုလုပ်နေကြစဉ် စစ်ဆေးရန်ရှိသည်ဟု ဆိုကာ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ပထမ အကြိမ် ဖမ်းဆီးသွားခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က နှစ် ၇၀ မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်မှုကြောင့် စသိန်းမင်း‌ဇော်နှင့် စောစာကွာလား တို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။