ပြည်တွင်း ဆန်လုပ်ငန်းရှင်များကို ထိန်းချုပ်လိုက်သည့် ဆန်သိုလှောင်မှု မှတ်ပုံတင် စနစ် (သို့မဟုတ်) ဆန်ကုန်သည်များကို အခက်တွေ့စေသည့် ဆန်သိုလှောင်မှု မှတ်ပုံတင် စနစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
စစ်ကောင်စီက ထုတ်ပြန်သည့် ဆန်သိုလှောင်မှု မှတ်ပုံတင်စနစ် ဆိုသည်မှာ
ဆန် စပါးဈေးကွက်အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ဆန်အိတ်ရေ ၁ ထောင် (တန်ချိန် ၅၀) နှင့် စပါးတင်းရေ ၅ ထောင်နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၉ ရက်နေ့က ထုတ်ပြန်သည်။
မှတ်ပုံတင်မှု ရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ရန် အတွက် ဆန်စပါး သိုလှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း သတင်းထုတ် ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့က ကုန်သည်များ မှတ်ပုံတင်ခြင်း ရှိ၊ မရှိကို ကြပ်မတ်မည်ဖြစ်ပြီး မှတ်ပုံမတင်က ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ အမြတ် များများရလိုမှုဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သော လုပ်ငန်းများ ကို ထိန်းကျောင်းရန် ဆန်၊ စပါး သိုလှောင်မှု အခြေအနေအား စနစ်တကျ ဆောင်ရွက်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အကယ်၍ ကန့်သတ် ပမာဏ သိုလှောင်ခြင်း အတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ် ပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ICT နှင့် Digital နည်းပညာကို အသုံးပြုပြီး အွန်လိုင်းမှ မှတ်ပုံ တင်ခြင်း (Online Registration) စနစ်ကို ကျင့်သုံးကြရန် စီစဉ်ထားသည်ဟု ဖေါ်ပြပါရှိသည်။
ဆန်သိုလှောင်မှု မှတ်ပုံတင် စနစ်ကြောင့် ဆန်ကုန်သည်များ အခက်ကြုံ
စစ်ကောင်စီ၏ ဆန်၊ စပါး သိုလှောင်မှု မှတ်ပုံတင်ခြင်း စနစ်ကြောင့် ဆန်စပါးကုန်သည်များ နှင့် ဆန်စက်ပိုင်ရှင် များ အခက်တွေ့ ရသည်ဟု ဧရာဝတီတိုင်းအတွင်းက ဆန်စပါး ရောင်းဝယ်ရေး ကုန်သည်များ၏ ပြောပြချက် အရ သိရသည်။
သိုလှောင်မည့် ဆန်နှင့် စပါး ပမာဏကို တင်ပြပြီး မှတ်ပုံတင်သည့်အခါ အချိန်ကာလ ကြန့်ကြာမှုကြောင့် လုပ် ငန်းနှောင့်နှေးမှုများ ရှိနိုင်သည့်အပြင် ဝယ်လိုအား၊ ရောင်းလိုအား ပေါ် မူတည်၍ သိုလှောင်သည့် ပမာဏမှာ အချိန်နှင့် တပြေးညီ ပြောင်းလဲမှု ရှိနေသောကြောင့် သိုလှောင်ထားရှိမည့် ပမာဏကို အမြဲတင်ပြရန် ခက်ခဲသည် ဟု ဆိုကြသည်။
ပုသိမ်မြို့ ဆန်စပါးကုန်သည် တစ်ဦးက “အရောင်းအဝယ်ဆိုတာ လှောင်ထားတဲ့ ကုန်ပစ္စည်းက အခု လက်ထဲ ရှိနေပေမယ့် ခဏနေ ဝယ်လက်တွေ့လို့ ကြိုက်ဈေးနဲ့ ရောင်းလိုက်ရင် လှောင်ထားတာ မရှိနိုင်တော့ဘူး။ ရောင်း လက်က ဈေးသင့်လို့ ပိုလှောင်တာမျိုးလည်း ရှိတယ်. အဲတော့ ပိုလှောင်မယ်ဆို မှတ်ပုံတင်အုန်း ဆိုတော့ အချိန် နှောင့်နှေးတာပေါ့။ သူ့တို့ (စကစ)ရဲ့ စနစ်ကြီးက ရောင်းဝယ်ရတာ မလွတ်လပ်ဘူး” ဟု ပြောသည်။
မေလ ၉ ရက်နေ့ က စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆန်စပါးကုန်သည် နှင့် ဆန်စက်လုပ်ငန်းရှင်များအား ဆန်အိတ်ရေ ၁၀၀၀ (တန်ချိန် ၅၀)အပြင် စပါးတင်း ၅၀၀၀ နှင့် အထက် သို လှောင်ထားကြပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်မှု ရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ရန် အတွက် ဆန်စပါး သို လှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း သတင်းထုတ် ပြန်ခဲ့သည်။
အကယ်၍ ကန့်သတ် ပမာဏ သိုလှောင်ခြင်း အတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ် ပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ICT နှင့် Digital နည်းပညာကို အသုံးပြုပြီး အွန်လိုင်းမှ မှတ်ပုံ တင်ခြင်း (Online Registration) စနစ်ကို ကျင့်သုံးကြရန် စီစဉ်ထားသည်ဟု ဖေါ်ပြပါရှိသည်။
ဆန်ကြိတ်ခွဲရာတွင် နေစဉ်နှင့်အမျှ ကြိတ်ခွဲသူများ အပေါ် မူတည်၍ ကုန်ချိန် ပမာဏမှာ ပြောင်းလဲမှု ရှိနေခြင်း၊ စက်ပိုင် ဆန်စပါး၊ ကုန်သည်များ အပ်နှံထာသည့် စပါး၊ ကြိတ်ခွဲသူများ အပ်နှံထားသော စပါး စသည်ဖြင့် ရှိရာ ဆန်စပါး သိုလှောင်မှု ပမာဏကို ပုံသေသတ်မှတ်ရန် ခက်ခဲသည်ဟု မြောင်းမြမြို့နယ်ရှိ ဆန်စက်မန်နေဂျာ တစ်ဦးက ပြောသည်။
“သူတို့ (စကစ)က စက်ပိုင်တွေ ဆန်စပါးကုန်သည်တွေက လှောင်ထားပြီး ဈေးကစားတယ်။ တက်ဈေးရောက် မှ ရောင်းတယ် ထင်နေကြတယ်။ တကယ်တော့ ဝယ်လိုအား ရောင်းလိုအား မျှချေမရှိလို့ ဖြစ်နေတာ။ စစ် ကောင်စီရဲ့ စိုက်ပျိုးရေးဌာနက တောင်သူတွေကို စပါးတိုးစိုက်အောင် လုပ်မပေးနိုင်လေ။ စပါးထွက်နှုန်း နည်း နေလို့ စပါးဈေး ဆန်ဈေးက တက်ပြီးရင်းတက်နေတာ“ ဟု ဆန်စက် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ဧရာတီတိုင်းတွင် စပါးစိုက်ပျိုးဧက မိုးစပါးဧကမှာ ၃၈ သိန်း နီးပါးရှိပြီး နွေစပါးစိုက်ပျိုး ဧကမှာ မိုးစပါးစိုက်ပျိုး ဧက၏ ထက်ဝက်နီးပါး ရှိနေသော်လည်း ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ စိုက်ပျိုးစရိတ် မြင့်တက်မှုများကြောင့် ဧက၏ သုံးပုံပုံ တစ်ပုံခန့်သာ ရှိနေသည်ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။
ထိုစနစ်မှာ လက်လီလက်ကားရောင်းချသည့် ပြည်တွင်းလုပ်ငန်းရှင်များကို ထိန်းချုပ်လိုက်ခြင်းသာဖြစ်
လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်မည့် ဆန်နှင့်စပါး ပမာဏကို တင်ပြပြီးမှသာ မှတ်ပုံတင် လျှောက်ထားရ မည့် ကိစ္စမှာ ကုန်သည်များအတွက် အဆင်မပြေသလို လုပ်ငန်းများ လုပ်ကိုင်ရာတွင် နှောင့်နှေးသွားစေနိုင်သည်ဟု ဆိုသည်။
ယခု လုပ်ဆောင်မှုမှာ ဈေးကွက်ကို ထိန်းချုပ်ခြင်းသာဖြစ်ပြီး လုပ်ငန်းရှင်များအတွက် အခက်အခဲများသာ ဖြစ် စေသည်ဟု ဆိုကြသည်။
ဆန်စပါး သို လှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကိုလည်း နောက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်အပြင် မြို့နယ်အဆင့်ထိ ဖွဲ့စည်းကာ အဆိုပါ အဖွဲ့များထံသို့ သိုလှောင်ရမည့် ပမာဏကို လျှောက်လွှာ တင်ရမည်ဟု ဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဆန်စပါး သို လှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဆန်နှင့်စပါး သိုလှောင်ရောင်းချရာတွင် ပြည်ပတင်ပို့မှု လုပ်ကိုင်သည့်သူများသာ ယခင်က လုပ်ငန်းလိုင်စင် လုပ်ရခြင်းဖြစ်ပြီး ယခုမူ လက်ရှိ စစ်ကောင်စီက လက်လီလက်ကားရောင်းချသည့် ပြည်တွင်းလုပ်ငန်းရှင်များ ကိုပါ ထိန်းချုပ်လိုက်ခြင်း ဖြစ်သည် ဆန်ကုန်သည်များက ပြောသည်။
ဆန်ကုန်သည် တစ်ဦး ”ကိုယ်လှောင်မယ့်ပမာဏကို တင်ပြရအုံးမယ် ဆိုတာက ဘယ်လိုမှကို အဆင်ပြေမနိုင်တာ ပါ။ အခုက ကုန်သည်တွေကို လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့် မပေးတော့မျိုးပေါ့နော်။ ဆန်းစျေးတွေကို ထိန်းပေးချင်လို့ လုပ်နေတာမဟုတ်ဘူး။ အခုက ပြည်တွင်း လုပ်ငန်းရှင်တွေကို ထိန်းချုပ်ချင်လို့ လုပ်တယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။
ဆန်စျေးအပြင် ကုန်စျေးနှုန်းများကို ကန့်သတ်နေခြင်းမျိုးက ယခုစစ်ကောင်စီလက်ထက်မှ မဟုတ်ဘဲ၊ ယခင် စစ်အစိုးရအဆက်ဆက် ဦးနေဝင်းအစိုးရ လက်ထက်ကတည်းက လုပ်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် မည်သို့မျှပင် အောင်မြင်မှုမျိုး မရှိခဲ့သလို ထိရောက်မှုလည်း မရှိခဲ့ဘူးဟု ဆန်ကုန်သည်များက ပြောသည်။
မြောင်းမြမြို့နယ်ရှိ ဆန်စက်မန်နေဂျာက “ကျနော်တို့ ဆန်ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေက ဆန်ကို သို၊ ပြီးရင် စျေးတက်ရောင်း ဆန်စျေးကို အမျိုးမျိုးကစားတယ်ဆိုပြီး စွပ်စွဲပြောသေးတယ်။ အစိုးရလုပ်တဲ့ လူတွေ ကိုယ်တိုင်က ကုန်စျေးနှုန်းကို ထိန်းမှ မထိန်းထားနိုင်တာ မဟုတ်ဘူးလား။ အခု ဆန်စျေးတက်တာကလည်း အာ ဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ ပြဿနာလေ။ ဒါကို ဆန်ကုန်သည်တွေကို အပြစ်ပုံချလို့တော့ ဘယ်ရမလဲ မဟုတ်ဘူးလားဗျ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်တွင်းဆန်ဈေနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရေး ဆန်/စပါး သိုလှောင်ခြင်း ကို ထိန်းချုပ်ရန် လုပ်ဆောင်လာခြင်းမှာ ဈေးနှုန်းများ ကျဆင်းရန် ရည်ရွယ်သော်လည်း လက်တွေ့တွင် အလုပ် မဖြစ်နိုင်ဘူးဟု ပြည်တွင်းရှိ ဆန်စပါးကုန်သည်များက သုံးသပ်ပြောဆိုလျှက်ရှိသည်။
ဆန်ကုန်သည်တစ်ဦးက “ဆန်က အရိပ်ရိပ်နဲ့ စျေးတက်နေတာ၊ အကျဘက်ကို မရှိဘူး။ အခုက အနိမ့်ဆုံးပြောရ မလား အဲ့လိုဆန်တောင် တစ်အိတ်ကို ၇၀,၀၀၀ လောက်နေ တစ်သိန်းခွဲလောက်အထိ ဖြစ်နေပြီ။ တင်းတစ်ရာ စျေးက အနည်းဆုံး ၁၃ သိန်းပဲ။ အဲ့ဒါ နည်းဆုံးကို ပြောတာနော်” ဟု ပြောသည်။
နိုင်ငံတဝှမ်း လက်ရှိမှာတွင် အနိမ့်ဆုံး ဆန်ပင်လျှင် တစ်အိတ်ကို ကျပ် ၇၀၀၀၀ ရှိပြီး အမြင့်ဆုံး ၁သိန်းခွဲအထိ ပေါက်စျေးရှိနေသည်။ စပါးစျေးမှာလည်း တင်း ၁၀၀ အား ကျပ် ၁၃ သိန်းမှ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ရှိနေသည်။
ဆန်စျေးက အနိမ့်ဆုံး ဆန်တစ်အိတ်ကို ၆၀၀၀၀ ကျပ်ကနေ ၁၃၀၀၀၀ ကျပ် အထိရှိနေပြီး စပါးစျေးက တင်း ၁၀၀ ကို ၁၃ သိန်းကနေ သိန်း ၂၀ ကျော်အထိ အမြင့်ဆုံးရှိနေပါတယ်။
လက်ရှိ ပြည်တွင်းဆန်ဈေးမှာ ဆန်ကြမ်း တအိတ်ပင်လျှင် ကျပ် ၆၈၀၀၀ နှင့် အထက်ရှိနေပြီး ဆန်ချော (ပေါ် ဆန်း) တအိတ်လျှင် ကျပ် ၁ သိန်းကျော်ထိ ဈေးနှုန်းများက မြင့်တက်နေသလို စပါးဈေးမှာလည်း တင်းတစ်ရာ လျှင် ကျပ် ၁၃ သိန်းကျော်မှ ကျပ်သိန်း ၂၀ ဝန်းကျင်ထိ ရှိနေသည်။
နိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ကုန်စျေးနှုန်းမြင့်တက်မှုများကြောင့် ဆန်စျေးများ တရိပ်ရိပ် တက်လာ ခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ရွှေဘိုဒေသ (ရွှေဘိုပေါ်ဆန်းမွှေး) ထက်သည့် ဒေသ၌လည်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြည်သူများ ဘေးလွှတ်ရာကို ထွက်ပြေး နေရသည့်အတွက် လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ခြင်းကလည်း ဆန်ထုတ်လုပ်နိုင်မှုကို အကန့်အသတ် ဖြစ်စေခဲ့သည်။
နိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဧရာဝတီတိုင်းအတွင်း၌ပင်လည်း ကုန်စျေးနှုန်း မြင့်တက်မှု၊ အလုပ်သမား ရှားပါးမှုများကြောင့် ၂၀၂၃ ခုနှစ် မိုးရာသီ စပါးထွက်နှုန်းမှာ ပုံမှန်ထွက်နှုန်း၏ ၃၀ ရာခိုင်နှုန်း နီးပါး အထိ လျော့ကျခဲ့သည်ဟု ဒေသအတွင်းရှိ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
စပါးဈေး မြင့်တက်လာသဖြင့် ဆန်ဈေးများလည်း မြင့်တက်လာကာ တောင်ပြန်၊ ဧရာဝတီ ပေါ်ဆန်း နှင့် ဖျာပုံ ပေါ်ဆန်း ၂၄ ပြည်ဝင် တစ်အိတ် ၈၄၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁သိန်း ၂သောင်းကျော် ဖြစ်ပြီး ရေဆင်း၊ ရက် ၉၀၊ မနှောသုခ ဆန်များမှာ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ၅၅၆၀၀ ကျပ်၊ ပခန်း၊ ရွှေသွယ်တစ်အိတ် ၆၃၄၀၀ ကျပ်အထိ မြင့်တက်လာသည်ဟု ဆန်ကုန်သည်များက ပြောသည်။
ဓါတ်မြေဩဇာ ပိုးသတ်ဆေး စက်သုံးဆီ သယ်ယူပို့ဆောင် စရိတ်စသည့် သွင်းအားစု စိုက်ပျိုးစရိတ်များ မြင့် တက်လာသည့်အပြင် စစ်ကောင်စီနှင့် ခရိုနီများက တောင်သူများ၏ ထွက်ရှိစပါး ၆၅ ရာခိုင်နှုန်းကို အတင်း အကြပ် ဈေးနှိမ် ဝယ်ထားပြီး လူထုကို ပြန်ထုတ် ရောင်းမပေးဘဲ သိုလှောင်ထားခြင်းကြောင့် ဆန်စပါးဈေးနှုန်း တဟုန်ထိုး စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။
ထို့အပြင် မိုခါမုန်တိုင်း ဝင်ရောက်မှုကြောင့် ရခိုင်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး အစရှိသည့် တိုင်းနှင့် ပြည်နယ်များတွင် သီးနှံစိုက်ခင်းများ ဧကသောင်းချီ ရေကြီးနစ်မြုပ်မှုများရှိခဲ့သည်။