တိုင်းရင်းသား ဘာသာ သတင်းအစီစဉ် – ( ၄ – ၉ – ၂၀၂၃ )

နယ်စပ်က မြန်မာဒုက္ခသည်တွေကို လုံခြုံမှုမရှိဘဲ နေရပ်ကို ပြန်မပို့ဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် – NHRC က တောင်းဆိုလိုက် ပါတယ်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ 

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့အတွက် လက်ရှိ ကြားကာလအခြေအနေကနေ စတင်တည်ဆောက်ရမှာဖြစ်သလို လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နဲ့အညီ အစားထိုးသွားရမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ပြောပါတယ်။