စစ်ကိုင်း ကန့်ဘလူမှ ပြည်သူ ၆ ထောင်ကျော် ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
စစ်ကောင်စီ စစ်ကြောင်း ထိုးလာသောကြောင့် ကန့်ဘလူမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာရှိ ဒေသခံပြည်သူ ၆ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရ သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက ကျေးရွာ ၁၂ ရွာရှိ ဒေသခံပြည်သူ ၆ ထောင်ကျော် သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွ လှုပ် ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“တစ်ရက်တည်းမှာဘဲ ၁၂ ရွာပြေးတာ ထန်းကုန်းနဲ့နီးတဲ့ အနီးနားကရွာတွေ ပေါ့၊ လူဦးရေ ၆ ထောင်ဝန်းကျင် လောက်ရှိမယ်လို့ ခန့်မှန်းတာပေါ့၊ ညောင်ပင်ကြီးကနေပြီးတော့ ညောင်ပင်လေးရွာကို စစ်ကြောင်းက ပြန် ခေါက်သွားတာ ပြန်ခေါက်သွားပြီးတော့မှ ဒီနေ့မနက်မှာဘဲ သိုးဘိုးရွာကို ဝင်တယ်။ ဝင်ပြီးတော့မှ မီးရှို့တယ် ပေါ့နော်။ အခုထိရွာကလူတွေက ဝင်လို့မရသေးဘူး” ဟု ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီစစ်ကြောင်း ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစော ထီးအဖွဲ့တို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကန့်ဘလူခရိုင်၊ ထန်းကုန်း တိုက်နယ် အတွင်းရှိ တောင့်တည်းကုန်းကျေးရွာကို မီးရှို့ထွက်ခဲ့သော စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ကိုးမြို့ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုစစ်ကောင်စီ စစ်ကြောင်းသည် တောင့်တည်းကုန်းရွာ၊ ညောင်ဇင်ကြီးရွာ၊ သိုးဘိုး၊ ကိုးမြို့၊ဖလံချိုင်၊ သရက် ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲ့ကုန်း၊ ဘိုကုန်း၊ ပေလည် နှင့် ငါးရာ စသည့် ကျေးရွာများအား မီးရှို့ ဖျက်ဆီးခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ် ပြန်ထားသည်။
အလားတူ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း နတ်အင်းနှင့် အင်းလယ်ကြီးကျေးရွာတို့တွင် အင်အား ၇၀ ခန့်ပါ သော စစ်ကောင်စီ စစ်ကြောင်း ထိုးလာပြီး မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့အား ဖမ်းဆီးသတ်ဖြတ်ခဲ့ သည်။ အလားတူ ဝါးရုံပင်ကြားတွင်း ပုန်းနေသည့် အမျိုးသမီးတစ်ဦးအားလည်း သေနတ်ဖြင့် ပစ်ခတ်ကာ လူသားဒိုင်း အဖြစ်ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
ကျွန်းလှတက်ကြွ လှုပ် ရှားသူများအဖွဲ့မှ တာဝန်ရှိသူက “စက်တင်ဘာလ ၂ ရက်နေ့ ကတည်းက အင်းလယ်ကြီး ကို ဝင်တဲ့စစ်ကြောင်းက ဖမ်းတဲ့ဟာတွေ ယောက်ကျားလေး ၂ ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ မိန်း ကလေးတွေတော့ ပြန်လွှတ်လာတယ် ပြည်သူတွေဘဲ” ဟု ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့ကလည်း အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပါသည့် စစ်ကြောင်းမှာ ဉာဏ်အင်းကျေးရွာအား တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၂လုံး မီးလောင် ပျက်စီးသွားသည်။
၎င်းစစ်ကြောင်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း လေးလှကျေးရွာနှင့် မြိုင်သာယာကျေးရွာတို့အား ထပ်မံမီးရှို့ဖျက်ဆီးရာ လေးလှကျေးရွာမှ လူနေအိမ်တစ်လုံးနှင့် မြိုင်သာယာကျေးရွာမှ နေအိမ် ၄ လုံး ပျက်စီး သွားခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားသည်။