တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၈ – ၉ – ၂၀၂၃ )

နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့နဲ့ ခွဲထွက်ရေးအဖွဲ့ NSCN – အန်းမိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ဆာ့လော်ကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေးဟာ ၂ နှစ်တာကာလအတွင်း ခေတ်မီလက်နက်တွေနဲ့ တပ်ရင်းပေါင်းများစွာကို ဖွဲ့စည်းထားနိုင်တဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေပြီလို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။