တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၉ – ၁၀ – ၂၀၂၃ )

ရာသီဥတုအပြောင်းအလဲနဲ့ ရေအခက်အခဲကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေးနဲ့ အရေပြား ယားယံတာတွေ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထဲက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့(IWU)က တောင်းဆိုလိုက်ပါတယ်။

ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာရဲ့ အပြစ်ပေး အရေးယူတာကို ရှောင်လွှဲဖို့အတွက် ဘီလူးစစ်ကြောင်းကို စစ်ကောင်စီက ဖွဲ့စည်းထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM က ပြောပါတယ်။