နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်တဲ့အတွက် အရပ်သားတွေ ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာလို့ ဆို 

စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်ဆောင်ဘဲ လက်ပိုက်ကြည့်နေတဲ့အတွက် အရပ်သားပြည်သူတွေကို စစ်ကောင်စီက ရန်သူသဖွယ် ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။