KIA ဌာနချုပ်ကို စစ်ကောင်စီက ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားခဲ့ဟု KIA စစ်ဦးစီးချုပ်ဆို
ကေအိုင်အေဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နမ်ဆန်ယန်ဒေသထဲကို စစ်ကောင်စီတပ်က အခြေပြုလှုပ်ရှားနိုင်ဖို့ အင်အားတိုးချဲ့လှုပ်ရှားလာတဲ့အတွက် ခုခံတိုက်ခိုက်မှုတွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ လုပ်ဆောင်ခဲ့ရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် က ပြောပါတယ်။