အာဏာသိမ်း ၂ နှစ်ကျော်ကာလ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သောင်းကျော်သေဆုံးဟု KNU ဆို

စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀,၇၀၀ ကျော် သေဆုံးခဲ့သလို ၇,၇၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။