ကရင်နီ အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက်ထားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
နယ်မြေအများစုကို ထိန်းသိမ်းလာနိုင်ပြီးနောက် ကရင်နီပြည်မှာ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားပြီလို့ ကရင်နီပြည် ကြားကာလ အတိုင် ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်ပါတယ်။
၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့နေ့ကစပြီး ဒီနေ့အချိန်အထိ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအားလုံး ရပ်တန့် သွားခဲ့ပါတယ်။
၁၁.၁၁ စစ်ဆင်ရေး မစတင်ခင်ကတည်းက ကရင်နီပြည်နယ် တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ နယ်မြေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ရာကနေ အခုလက်ရှိမှာတော့ တပြည်နယ်လုံး အတိုင်းတာနီးပါးအထိ ထိန်းချုပ်လာနိုင််တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ပြောပါတယ်။