၁၁.၁၁ စစ်ဆင်ရေးအတွင်း အရပ်သား ၈၂ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။

၁၁.၁၁ စစ်ဆင်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု နှင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတို့ကြောင့် အရပ်သား ပြည်သူ ၈၂ ဦး သေဆုံးခဲ့သည်ဟု ကရင်နီလူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ပြောသည်။

ထိခိုက်သေဆုံးသူများမှာ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမော့ဆို မြို့နယ်ထဲက အရပ်သားများဖြစ်ပြီး ထိုအထဲတွင် အမျိုး သမီး ၁၈ ဦးနှင့် အသက်မပြည့်သေးသည့် ကလေး ၁၂ ဦး ပါဝင်သည်ဟု ကရင်နီလူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ၏ ဒီဇင်ဘာလ ၈ ရက်နေ့ သတင်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထား သည်။

တိုက်ပွဲများအတွင်း အမျိူးသမီးများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးရသည့် အကြောင်းအရင်းအား ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အတွင်းရေးမှုး – ၂ မော်ပရေးမြာက ယခုကဲ့သို့ ပြောသည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုတွေထဲမှာမှ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေက စစ်ရဲ့ ဓားစားခံလိုမျိုး ခံရတယ်ပေါ့နော်။ ဆိုတော့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာ လေ ယာဥ်ကြဲလို့ မပြေးနိုင်မလွှားနိုင် အဲ့လိုတွေကြောင့်မလို့ သေဆုံးတာတွေရှိမယ်။ ပြီးရင် လွိုင်ကော်မြို့သိမ်း တိုက် ပွဲတွေလိုမျိုး ဆိုရင် ဥပမာ အမျိုးသားဆိုရင် ကိုယ်လွတ်ရုန်း ပြေးဖို့လွယ်တယ်ပေါ့။ အမျိုးသမီးတွေလိုကျ တော့ ကလေးတစ်ဖက်နဲ့ ပြေးလွှားရရင် စားဖို့သောက်ဖို့ အဲ့လိုမျိုးတွေနဲ့ ပိုပြီးတော့မှ ဝန်က ပိုကြီးတယ်လို့ ပြောလို့ရ တယ်ပေါ့နော်။ အဲ့လိုဟာမျိုးနဲ့ ပြေးလွှားဖို့အတွက် အဆင်မပြေတာမျိုးတွေ ဘေးလွတ်ရာကို ထွက်ဖို့ အတွက် အခက်အခဲဖြစ်ပြီးတော့မှ နောက်မှလက်နက်ကြီးတွေ အဆက်မပြတ်ကျပြီး ထိခိုက်တာမျိုးတွေ အဲ့လိုမျိုးတွေ ပေါ့နော်။“

အရပ်သား သေဆုံးမှု ၈၂ ဦး ရှိခဲ့သည် ဆိုသော စာရင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့ အထိ (KHAI) အဖွဲ့က လက်လှမ်းမှီ သလောက် ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် အရပ်သား ပြည်သူ သေဆုံးသည့် အရေအတွက်မှာ ယခုထက်မကများနိုင်သည်ဟု ဆိုသည်။

အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူများကို စစ်တပ်က လက်ရှိ အချိန်အထိ ပစ်မှတ်ထား တိုက်ခိုက်နေရခြင်း၏ အဓိက အကြောင်းအရင်းနှင့် ပတ်သက်ပြီး KNWO အတွင်းရေးမှုး – ၂ မောပရေးမြာ က ယခုကဲ့သို့ ဆက်ပြောသည်။

“နှစ်ပေါင်းများစွာ ဒါတွေနဲ့ ပါတ်သက်ပြီးမှ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဆိုရင် ခံလာရတယ် ဆိုပေ မယ့် သူတို့ကိုယ်တိုင်က စစ်ရာဇဝတ်မှု ကျူးလွန်ပြီဆိုရင် ဘယ်နိုင်ငံတကာမှ အရေးယူမှုတွေ အဲ့လိုမျိုးတွေ မလုပ်ပဲနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ယနေ့ချိန်ထိ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါတွေကြောင့်ပဲ သူတို့ကျူးလွန် တာ တွေက ဆက်တိုက် ဆက်တိုက် ဆက်လက် ကျူးလွန်နေတယ်။ စိတ်ကြိုက် သူတို့ကျူးလွန်တဲ့ ပုံစံမျိုးတော့ ဖြစ်တယ်လို့ ယူဆတယ်ပေါ့နော်။“

လက်ရှိ တိုက်ပွဲပြင်းထန်နေသော လွိုင်ကော်မြို့အတွင်း၌ အမျိုးသမီးနှင့် ကလေးများသေဆုံးမှု ဆက်လက်မြင့် တက်နိုင်ပြီး လုံခြုံရေးအနေအထားအရ စာရင်းကောက်ယူရန် ခက်ခဲနေသည်ဟု မော်ပရေးမြာက ပြောသည်။

AAPP ၏ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကလေးငယ်ပေါင်း ၄၉၁ ဦး သေဆုံးခဲ့ပြီး ပဇီကြီးကျေးရွာနှင့် မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုသည် ကလေးငယ်များ အများ ဆုံး သေဆုံးခဲ့သော ဖြစ်ရပ်များဖြစ်သည်ဟု ဆိုသည်။