ပုလော ခုနှစ်လောင်းပြိုင်သတ်မှု ပါဝင်ခဲ့သူ တစ်ဦးကို ဖမ်းဆီး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသော သူတစ်ဦးကို ဖမ်း ဆီးရမိခဲ့သည်ဟု ပုလောစစ်ကြောင်း- ၁ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ လူသတ်မှုထဲ ပါဝင်ခဲ့သူဆိုသော အသက် ၅၅ နှစ်ရွယ် ဦးဝင်းထွန်းကို ညောင်ရှင်ကုန်းကျေးရွာတွင် ဒီဇင် ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပုလောစစ်ကြောင်း – ၁ က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ညောင်ရှင်ကုန်းရွာသား အသက် ၄၅နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက “ဒီအမှုက တော်လှန်ရေးအဖွဲ့အစည်းတွေ ရဲ့ ပုံရိပ်ကျအောင် လုပ်ဆောင်နေသူတွေကို ဖမ်းဆီးတာမို့ အရမ်းကို ဝမ်းသာရပါတယ်၊ ထိရောက်တဲ့ အရေးယူ မှုတွေ ပြုလုပ်နိုင်ပါစေ” ဟု ပြောသည်။
ခုနှစ်လောင်းပြိုင် လူသတ်မှုတွင် ဦးဝင်းထွန်း ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဝန်ခံထားပြီး အခြားသူများကိုလည်း စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ရေးသားထားသည်။
ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းရွာမှ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီးဖြစ်သူ ဒေါ်ကြင်နွဲ့၊ သမီး ဒေါ်သန်းသန်းမော် အသက် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း အသက် ၁၇ နှစ်၊ မောင်ဇေယျာအောင် အသက် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် အသက် ၁၃ နှစ်၊ မမေဇင်ဖြူ အသက် ၉ နှစ်နှင့် မောင်သားသား အသက် ၂နှစ်တို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ပါဝင်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးဖော်ထုတ်ပေးရန် စစ်ကောင်စီတပ်ကို ပြောဆိုခဲ့သော်လည်း မည်သည့် လုပ်ဆောင်မှုမျှ မရှိခဲ့ကြောင်း ရွာသားများက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် ပြည်သူများမှာ အကျပ်အတည်းမျိုးစုံဖြင့် ရင် ဆိုင်နေကြရသည့်အပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများနှဉ်လည်း ကြုံတွေ့နေကြရကြောင်း ရွာသားများက ပြောသည်။
တော်လှန်ရေးအဖွဲ့များ၏ စစ်ကောင်စီ သတင်းပေး ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် သတ်ဖြတ်ခံရမှုများ ကိုလည်း မကြာ ခဏကြုံတွေ့နေကြရသည်ဟု ဆိုကြသည်။