ကော်သူးလေ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြင်ပစွက်ဖက်မှုမပါပဲ ထူထောင်မည့် ကေအဲန်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

ကော်သူးလေပြည်နယ် တည်ထောင်ရန်အတွက် မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာရှင်မှ ဝင်ရောက်စွတ်ဖက်၍မရသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်သည်။

မြေပြင်တွင်မူ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၆၀၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၁၀၇၄၁ ဦး ထိခိုက် သေဆုံးခဲ့သည်ဟု KNU က ပြောသည်။

KNU ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်နှင့် နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက စစ်ကောင်စီဖက် က ထိခိုက်သေဆုံး ဒဏ်ရာရခဲ့များခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုထံ နိုဝင်ဘာလ တတိပတ်တွင် ပြောကြားခဲ့ သည့် ရုပ်သံထဲတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

“၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အထူးသဖြင့်ကျနော်တို့နဲ့ တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားတဲ့ အကြိမ် နှုန်းကို ပြန်ကြည့်လိုက်တဲ့အခါမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၂၀၂၃ စက်တင်ဘာလအထိ စာရင်းကို ပြန်ချုပ် လိုက်တဲ့ အခါမှာ ကျနော်တို့မှာ ကျနော်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၁၁,၆၀၈ ရှစ် ကြိမ် ဖြစ်ပွားခဲ့ပါ တယ်။ အဲ့ဒါက စက်တင်ဘာလအထိပဲ ဖြစ်ပါတယ်။ အောက်တိုဘာလကို မထည့်ပေါင်းသေးပါဘူး။ ဒီလို တစ် သောင်းကျော်တဲ့ တိုက်ပွဲအကြိမ်ပေါင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်က ကျနော်တို့ သုတ်သင်ပြီး သွားတဲ့ အရေအ တွက် က ၁၀,၇၄၁ ဖြစ်ပါတယ်။ အဲဒါအပြင် ထိခိုက်ဒဏ်ရာ ရသူပေါင်းဟာ ခုနှစ်၇,၇၇၉ ယောက် ဖြစ်ပါ တယ်။ အဲ့ဒီ သေကြေဒဏ်ရာရသူပေါင်းကို ပြန်ပေါင်းလိုက်တဲ့အခါမှာ စစ်ကောင်စီဖက်က အရေအတွက် ဘယ် လောက်အထိ တိုးသွားသလဲဆိုတော့ ၁၈,၅၂၀ ဖြစ်ပါတယ်။”

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တိုက်ပွဲများထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၇,၇၇၉ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပဒိုစောတောနီးက ပြောသည်။

နှစ်နှစ်ကျော် ကာလ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ လက်ရှိ စစ်ကောင်စီ၏ တပ်ဖွဲ့စည်းပုံအရ တပ်ရင်း နှစ်ဆယ်ကျော် ရှိနိုင်သည်ဟု ဆက်ပြောသည်။

ပဒိုစောတောနီး က “ဒီအရေအတွက်ဟာ စစ်ကောင်စီအတွက် အင်မတန်မှပဲ သွေးပျက်စရာကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီနေ့ဒီကာလမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့စည်းပုံအရ တပ်မ တစ်ခုကို တစ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့ စည်းထားတယ်။ အဲဒီတပ်မ တစ်ခုမှာ တကယ်တမ်းကျတော့ သူ့ဖွဲ့စည်းပုံအရက တစ်သောင်းရှိရမယ် ဆိုပေမယ့် လို့ လက်တွေ့ မှာ သုံးထောင်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ စစ်မြေပြင်မှာ တကယ်စစ်ထွက်နိုင်တဲ့ တပ်မ တစ်ခုရဲ့ အရေအတွက်ဟာ ၇၀၀ ပဲ ရှိပါတယ်။ ဒါကျနော်တို့ ကိုယ်တွေ့ပါ။ အဲဒီ ၇၀၀ ကို တပ်မတစ်ခုစာနဲ့ တွက်လိုက် တဲ့အခါမှာ ကျနော်တို့ နယ်မြေမှာ ကျဆုံးသေကြေဒဏ်ရာရတဲ့ ၁၈,၅၂၀ဟာ တပ်မ အရေအတွက် ၂၆ ခုနဲ့ ညီမျှ ပါတယ်” ဟု ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် နိုင်ငံ၏ မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌လည်း စစ်ကူမပို့နိုင် တော့သည့်အပြင် တစ်နိုင်ငံလုံးတွင် လိုအပ်နေသော တပ်အင်အားကိုလည်း ထပ်ပြီး မဖြည့်နိုင်တော့ဘူးဟု KNU က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

သို့သော် လက်ရှိ ဆင်နွဲနေသည့် တော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး၊ အနာ ဂတ် အကျိုးစီးပွားနှင့် အာမခံချက်ဖြစ်သည့်အတွက် စစ်ပွဲများ များလာပါက နားလည်ကြရန် လိုအပ်သည် ဟု ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက စနေနေ့က ကရင်ဘာသာနှင့် ပြည်သူလူထု ကို ပြောကြားခဲ့သည့် သတင်းစကားထဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေ အနေနဲ့က ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ပြည့်ဝတဲ့ ခံယူချက်တွေ နဲ့ ဒီခေတ်ကာလမှာ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို အဆုံးသတ်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ခေတ်မှာ အဆုံးမ သတ်နိုင်ရင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ် ဘဝရပ်တည်ရေးအတွက် အာမခံချက် မရှိနိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် စစ်ပွဲတွေ များလာရင်တောင် ကျနော်တို့ နားလည်ရမှာက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ် အကျိုးစီးပွားနဲ့ အနာဂတ် အာမခံချက် ရနိုင်အောင် ဖြစ်ပါတယ်။”

စစ်ကောင်စီတပ်က တော်လှန်ရေးကို ဖြိုခွင်းရန်အတွက် လက်နက်ကြီးများ၊ လေယာဉ်များကို အသုံးပြုပြီး တိုက် ခိုက်နေသည့်အပြင် ပြည်သူလူထုအား ကြောက်လန့်အောင် အင်အားအလွန်အကျွံ သုံးပြီး တိုက်ခိုက် နေသည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်နေခြင်းမှာ ၎င်းတို့စစ်တပ်အား တော်လှန်ရေး အင်အားစုများက တိုက်ခိုက် ဖျက်ဆီး ၍ မရဘူး ဆိုသည့် သဘောမျိုး ထင်မြင်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်ရေးအရ တိုက်ခိုက်မှုများ ပြင်းထန်နေသော်လည်း ကရင်တမျိုးသားလုံးနှင့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြ ဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည် (သို့မဟုတ်) ကော်သူးလေ ထူထောင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့ကို အကောင်အထည် ဖော်ဆောင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု KNU ဥက္ကဋ္ဌ က ပြောသည်။

“ဒီလုပ်ငန်းနှစ်ရပ် ပြည့်ဝအောင်မြင်ဖို့အတွက် ဆိုရင် ကျနော်တို့ ရင်ဆိုင်ရမှာက မဟာလူမျိုးကြီးဝါဒနဲ့ အာဏာ ရှင်စနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကရင်အမျိုး သား အစည်းအရုံးအနေနဲ့ ဖြိုဖျက်ပစ်ရမှာက ရင်ဆိုင်ဖြေရှင်း ရမှာက ဆန့်ကျင်ရမှာက ဒီနိုင်ငံမှာ ရှိနေတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်သွားရမှာ ဖြစ်ပါတယ်။ ဒီဝါဒနဲ့ စနစ်နှစ်ခုကို ဖျက်သိမ်းပစ်လို့ မရရင် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုပဲ လွတ်လပ်ပြီး တန်းတူ ညီမျှ မှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကရင်ပြည်ကိုလည်း ထူထောင်လို့ ရမှာမဟုတ်ဘူး။”

ထို့ကြောင့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ကော်သူးလေပြည်နှင့် ပြည်သူများ လိုလားတောင်းတနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်သောကြောင့် ရည်မှန်းချက်တူပြီး ဖြတ်သန်းမှု တူညီသည့် တိုင်းရင်းသား လူမျိုးများအပြင် အခြားအဖွဲ့အစည်းများလည်း ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်နယ်အားလုံးနီးပါးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသက ပြည်သူများမှာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရ သည့်အပြင် နေရပ်ကို စွန့်ခွာပြီး စစ်ဘေးလွတ်ရာ ဒေသများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကော်သူးလေပြည်နယ် တည်ထောင်ရန်အတွက် မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာရှင်ကမှ ဝင်ရောက် စွတ်ဖက်၍မရသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို စတင်လုပ်ဆောင်တော့မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်သည်။

KNU အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့သည် မှာ ယနေ့အချိန်ထိ ဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲများကြောင့် ဒီမိုကရေစီ အဖွဲ့အစည်းများ၊ လူထုလူငယ် အဖွဲ့ အစည်းများနှင့်အတူ စစ်ရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍများ၌လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်နေသည်ဟု KNU ဥက္ကဋ္ဌ က ပြောသည်။

ထိုသို့ လုပ်ဆောင်နေမှု၏ အခြားတစ်ဖက်တွင် ကော်သူးလေပြည်နယ် တည်ထောင်ရန် လုပ်ဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“အခြား လုပ်ငန်းစဉ် တစ်ခုကတော့ ကော်သူးလေတည်ထောင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ကာလတွေတုန်းက နိုင်ငံ ရေးအရ တွေ့ဆုံဆွေး နွေးမှုတွေနဲ့ ကြိုးစားပြီး လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကရင်ပြည် ကော်သူး လေကို အောက်ခြေမှတဆင့် တည်ဆောက်ဖို့၊ ဆိုရရင် ကျနော်တို့ အုပ်ချုပ်နေတဲ့ နယ်မြေဒေသတွေမှာ ကျနော် တို့ ဩဇာအာဏာ ထူထောင်မယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ထူထောင်မယ်။ ပြီးရင် ပြည်ထောင်စုကို ဆက်ပြီး တည်ဆောက်သွားမယ်။”

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီဇင်ဘာလ တတိယပတ်အတွင်း ကရင် ဘာသာနှင့် ပြည်သူလူထုအား ပြောကြားခဲ့သော သတင်းစကားထဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်သော ဒေသများတွင် ပြင်ပက ဝင်ရောက် စွတ်ဖက်၍ မရသော

ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်ပြီး ထိုမှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဆက်ပြီး တည်ဆောက်သွားမည်ဟု ဆိုသည်။

KNU အနေ့ဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် လူထုဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍လည်း ပဒိုစောကွယ်ထူးဝင်းက ယခုကဲ့သို့ ဆက်ပြောသည်။

“တချိန်တည်းမှာပဲ ကရင်အမျိုးသား အစည်းအရုံးရဲ့ လက်ရှိကာလလိုဖြစ်စေ၊ အရင်က အကျပ်အတည်းကြုံ ခဲ့ရ တဲ့ ကာလလိုဖြစ်စေ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု တွေ ကို ပိုမိုကောင်းမွန်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ၊ ပြည်သူကို အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ကျနော်တို့ လိုအပ်ပါတယ်။ တချိန်းတည်းမှာပဲ ကျ နော်တို့ လူထု တွေကိုလည်း ကိုယ့်ရဲ့ ကျရာကဏ္ဍတွေမှာ လိုအပ်တဲ့ အရာတွေကို အားပေးကူညီလုပ် ဆောင်ပေး ဖို့ရာလည်း အရေးကြီး ပါတယ်။”

ထို့အပြင် လက်ရှိ တော်လှန်ရေးမှာ ကရင်တော်လှန်ရေးဟု ပြောပြော၊ ဗမာပြည်သူများ၏ တော်လှန်လှုပ်ရှား မှုများဟု ဆိုဆို မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေခြင်းက အဖွဲ့အစည်းများ ၏ တော်လှန်ရေး မဟုတ်ဘဲ တတိုင်းပြည်လုံး၊ လူမျိုးတိုင်း၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည်သူများ ပူး ပေါင်းပါဝင်ကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ဓါတ်ပုံ – KNU