တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၁ – ၁ – ၂၄ )

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ 

ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ရတဲ့ကာလကြာလာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေအပြင် နေထိုင်စရာအတွက်ပါ အမိုးအကာ၊ အခင်း၊ တဲတွေ လိုအပ်နေကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ် အတွင်း အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။