လုံခြုံရေးတင်းကြပ်ထားသည့် နာဂနှစ်သစ်ကူးပွဲတော်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒေါ်သက်သက်ခိုင်တက်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ အခုနှစ်ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။