တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၂၆ – ၂ – ၂၄)

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက စီခမ်းကြီး စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲကြားက သိမ်းပိုက်လိုက်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်အသစ်တွေကို လက်ခံနေပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့အရာတွေကို မသုတ်သင် မရှင်းလင်းနိုင်ရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်