ပြည်သူကို သောကပေးသော ဥပဒေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် အသက်သွင်းပြီးနောက် သင်္ကြန်ရုံး ပိတ်ရက်များအပြီး ဧပြီလအတွင်း၌ စစ်မှုထမ်းရန်အတွက် လူသစ်စတင် စုဆောင်းသွားမည်ဟု ကြေညာ ထားသည်။

တပ်သားသစ်များ စုဆောင်းရန်အတွက် စစ်မှုထမ်းဥပဒေ၏ နည်းဥပဒေ အတည်မပြုရသေးသောကြောင့် မစိုး ရိမ်ကြရန် စစ်ကောင်စီက မကြာခဏ ဝါဒဖြန့်နေခဲ့သော်လည်း လက်တွေ့တွင် လူဦးရေးစာရင်းများကို ကောက်ခံ နေပြီဟု စောင့်ကြည့်နေသူများက ပြောသည်။

၁၉၉၂ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ အာဏာရှင်ဟောင်း ဗိုလ် ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ပြန်လည် အသက်သွင်းလာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီသန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအရ သာမန်အရပ်သားများထဲမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ထို့အပြင် အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများနှင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှု လက်မှုပညာရပ်များ တတ်မြောက်သူ ပညာတတ်များ ဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုး သားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကိုလည်း ၅ နှစ်အထိ သက်တမ်းတိုးနိုင်ဟု အဆိုပါ ဥပဒေက ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်ပြန်သွင်းလိုက်သည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံ တဝှမ်းက လူငယ်များအကြား စိုးရိမ်မှုများ မြင့်တက်လာကြသည်။

စစ်မှုထမ်းဥပဒေကြောင့် လူဦးရေစာရင်းများ စတင်ကောက်ခံနေခြင်း

နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၃ သန်းခန့် ရှိနေသည်။ 

သင်္ကြန်ကာလ (ဧပြီလ) အပြီးတွင် ပထမအသုတ်အနေဖြင့် လူဦးရေ ၅၀၀၀ ကို စတင်ခေါ်ယူမည်ဟု စစ်ကောင်စီ ဘက်က ထုတ်ပြောထားသည်။ 

နွေဦးတော်လှန်ရေး ကာလ (စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း) တွင် ဖြစ်ပွားနေသည့် နိုင်ငံတဝှမ်းက တော် လှန်ထိုးစစ်များကြောင့် စစ်ကောင်စီအတွက် အရှုံးများ၊ စခန်းစွန့်ထွက်ပြေးရသည့် ဖြစ်စဉ်များ၊ မြို့များ လက် လွှတ်ဆုံးရှုံးနေရသည့် အခြေအနေများ တပ်မတော် သမိုင်းတွေ မရှိခဲ့ဖူးသည့် မကြုံခဲ့ဖူးသည့် အခြေအနေများ သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

အဆိုပါ တော်လှန်ထိုးစစ် တိုက်ပွဲများထဲ စစ်ကောင်စီ အနေဖြင့် စစ်သားအင်အား ပြုန်းတီးကာ မကြုံစဖူး စစ်ရှုံး လာသည့် စစ်တပ်မှာ ၂၀၁၀ ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းရန် ကြိုးစားလာခြင်း ဖြစ် သည်။ အဆိုပါ စစ်မှုထမ်းဥပဒေမှာ စစ်ကောင်စီအတွက် ‘တရားဝင် ပေါ်တာဆွဲခွင့် လိုင်စင်’ သာ ဖြစ်သည်ဟု စောင့်ကြည့်နေသူများက ပြောသည်။

ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ စိုးရိမ်နေကြသူများ

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အမိန့်စာကြောင့် တောင်ကြီးရောက် ကရင်နီစစ်ဘေးရှောင် အချို့ စိုးရိမ်နေကြ သည်။

တောင်ကြီးမြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ရှောင်နေကြသော ကရင်နီပြည်သူအချို့သည် ယခုနောက်ပိုင်း စစ်ကောင်စီ ၏ အမျိုးမျိုးသော ထုတ်ပြန်ချက်ကြောင့် စိုးရိမ်ပူပန်နေကြသည်။

စစ်မှုမထမ်းမနေရဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ယခု နောက်ပိုင်း သတင်းအမျိုးစုံ ထွက်ပေါ်နေသည့်အတွက် မိခင်၏ ကျန်းမာရေးကြောင့် တောင်ကြီး၌ တစ်နှစ်နီးပါး စစ်ရှောင်နေသော ကရင်နီ လူငယ်တစ်ဦးက မည်သို့ ရှေ့ဆက် လုပ်ဆောင်ရမည်ကိုမသိဘဲ စိုးရိမ်ပူပန်သည်။

သတင်းတွေအစုံ ကြားရတော့ လူလည်း စိုးရိမ်စိတ် ဖြစ်လာတယ်။ စစ်ရှောင်တာကြာပြီ ဆိုပေမယ့် ကိုယ့်က ဒီဖက်ဒေသခံ မဟုတ်တော့ စိတ်မလုံခြုံမှုတွေ ခံစားရတယ်။ တစ်နေနေရာရာကို ထပ်ရှောင်ဖို့ဆိုလည်း ကျန်းမာ ရေး မကောင်းတဲ့အမေက တစ်ဖက်နဲ့မို့ အခက်ခဲတွေရှိတယ် ဟု ကရင်နီစစ်ရှောင်လူငယ်က ပြောသည်။

ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း၌လည်း တောင်ကြီ‌မြို့ပေါ် လာရောက်တိမ်းရှောင်ကြသော စစ်ရှောင်များ အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာယီနေထိုင်ခွင့်ကို ထုတ်ပေးခဲ့ကြောင့် ထိုလူငယ်က ဆက်ပြောသည်။

ဒီလထဲလည်း ယာယီ နေထိုင်ခွင့်ကတ် ဆိုပြီး ထုတ်ပေးသေးတယ်။ အစတော့ ထုတ်ပေးတော့လည်း ယူထား လိုက်တာပေါ့။ အခုတော့ စစ်မှု မထမ်းမနေရ ဥပဒေတွေကော ဧည့်စာရင်း စစ်မယ်ဆိုတဲ့ သတင်းတွေကော ကြားရတော့ စစ်ရ‌လွယ်အောင် ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးတာလားလို့ တွေးမိတယ် ဟု ပြောသည်။

တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ဧည့် စာရင်းတိုင်ရာတွင်လည်း သန်းခေါင်စာရင်း၊ မှတ်ပုံတင် မိတ္တူများ သာမက တစ်ကိုယ်လုံး အလှဓါတ်ပုံလည်း ပူးတွဲ တင်ပြရန် အသိပေးထားသည်ဟု မြို့ခံများက ပြောသည်။

အခြေအနေများ ပိုမိုတင်းကြပ်လာသောကြောင့် ကိုယ်က ယောက်ကျားလေးဆိုတော့ ဒီနောက်ပိုင်း သွားရ လာ ရတာ ပိုပြီးသတိထားရတယ်။ နေ့ခင်းဆို နည်းနည်း သက်သာပေမယ့် ညဆို စိတ်ချလက်ချ မအိပ်ရဘူး။ ဧည့် စာ ရင်းများ လာစစ်မလား တစ်ခုများ ဖြစ်မလားဆိုပြီး စိုးရိမ်နေရတယ် ဟု ကရင်နီစစ်ရှောင်တစ်ဦးက ပြော သည်။

နယ်မြေ အနည်းငယ် အေးချမ်းမှုရှိသည့် နေရပ်သို့ပြန်လည် နေထိုင်ရန် စဉ်းစားသော်လည်း လမ်းခရီး၌

အစစ်အဆေး အလွန်းများပြား‌ကြောင့် နေရပ်ပြန်ရေးကိစ္စကလည်း မဖြစ်နိုင်သေးဘူးဟု တောင်ကြီးနှင့် ရှမ်း-ကရင်နီအစပ် ဒေသများတွင် စစ်ရှောင်နေကြရသည့် ကရင်နီစစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးက တောင်ကြီးကနေ နေရပ်ကို ပြန်မယ်ဆိုရင်လည်း လမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ကိုယ် က ကရင်နီပြည်နယ်ရဲ့ ဘယ်နေရာ ဘယ်ဒေသမှာ အမှန်တစ်ကယ် နေထိုင်‌ပါတယ် ဆိုတဲ့ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်ပါတဲ့ ထောက်ခံစာကိုပြဖို့ လိုတယ်။ ဒီအ‌ခြေနေမျိုးမှာ ထောက်ခံစာ ဘယ်လိုယူရ မလဲ မလွယ်ဘူးလေ။ ဘဝကပြန်ရလဲ ခက် နေရလဲ ခက် ဖြစ်နေတယ် ဟု ပြောသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများအပြင် စစ်မှုမထမ်းမနေရ ဥပဒေတို့ကြောင့် အရဲစွန့်ပြီး တောင်ကြီးမှ ကရင်နီဘက်သို့ ရရာလမ်းကြောင်း ပြန်လာသည့် စစ်ရှောင်များလည်း ရှိနေသည်။

ယခုလက်ရှိ တောင်ကြီးသို့ စစ်ရှောင်နေကြသော ကရင်နီစစ်ရှောင် အများစုသည် နေရပ်သို့ ပြန်ရန်လည်း မလွယ် ကူသေးသလို တောင်ကြီး၌ ဆက်လက် နေထိုင်ရန်အတွက်လည်း စိုးရိမ်းပူပန်နေကြသည်။

အလားတူ ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးကန်အနီးရှိ ညောင်ရွှေမြို့၊ ရပ်ကွက်အားလုံးတွင် စစ်မှုထမ်းရန် အတွက် လူဦးရေ စာရင်းများ ကောက်ယူနေသည်ဟု မြို့နေပြည်သူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန (ထွေအုပ်)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန (လဝက) ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များမှ ကောက်ယူနေခြင်း ဖြစ်ပြီး အကျုံး ဝင်သည့် လူငယ်များ တိမ်းရှောင် ထွက်ပြေးနေကြရသည်။

မင်္ဂလာရပ်ကွက်နေ စစ်မှုထမ်း အကျုံးဝင်သည့် အမျိုးသား တစ်ဦးက လေလောဆယ် ညောင်ရွှေမြို့ပေါ် ၈ ရပ် ကွက် အရင် စတယ်ပေါ့နော်။ ရွာဘက်တွေတော့ မပါသေးဘူး။ ပအိုဝ်းရွာဘက် တချို့ကတော့ ပထမအသုတ် တောင် ခေါ်ထားပြီ ကြားတယ် ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက အိမ်ထောင်စုစာရင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါ ရီလ ၂၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ အသက် ၁၈ မှ အသက် ၄၅ နှစ်အတွင်း အမျိုးသားဦးရေ စာရင်းကို တိတိ ကျကျ ကောက်ယူနေသည်ဟု မြို့နေပြည်သူများက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပေဒနှင့် ပတ်သက်၍ လူဆင့်ခေါ်ခြင်းများကို ဧပြီလခန့်မှသာ လုပ်ဆောင်မည်ဟု သတင်း များ ထွက်ပေါ်နေသော်လည်း နိုင်ငံတဝှမ်းရှိ မြို့နယ်အသီးသီးတွင် လူငယ်များ ဖမ်းဆီးခံရမှုများ ရှိနေသည့်အပြင် အိမ်ထောင်စုစာရင်းများစစ်ခြင်း၊ လူဦးရေစာရင်းများ ကောက်ခံခြင်းများ ရှိနေပြီ ဖြစ်သည်။

ထို့အပြင် လူမသိသူမသိ ခရီးသွားရင်းသော်လည်းကောင်း လူငယ်များ ပျောက်ဆုံးမှုကလည်း ဆက်တိုက်ဖြစ်ပေါ် နေသည်။

တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ကားနှင့်သွားသည့် အမျိုးသမီး ၃ ဦးအပါအဝင် လူငယ် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လမ်း၌ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ အခြေအနေများကြောင့် လူငယ်အများစုမှာ အခြားနိုင်ငံများသို့ထွက်ရန် ပြင်ဆင်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်မှုများ ပိုမိုများပြားလာနေသည် ဟု မြေပြင်ရှိ တော်လှန်ရေးအဖွဲ့ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ အစိုးရမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် တောင်ကြီး ခရိုင်အတွင်း၌ ညောင်ရွှေမြို့သည် ပထမဆုံး လူစာရင်းကောက်ခံရသည့် မြို့ဖြစ်သည်ဟု ဆိုကြသည်။

သာစည်ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက နန္ဒဝန်ရပ်ကွက်မှာ စကောက်ကတည်းက တော်တော်များများ ပြေးကုန်ကြပြီ။ လုံးဝ ပညာမတတ်တဲ့ သူတွေတောင် ထိုင်းမှာ စက်ရုံလုပ်သားပဲ လုပ်ရ လုပ်ရ ထွက်သွားကြတာ။ ဒီချိန်မှာ အောက်လမ်း အပေါ်လမ်းတွေ မသိတော့ဘူး။ မသေဖို့က အဓိကပဲလေဟု ပြော သည်။

ယခုကဲ့သို့ လူစာရင်း ကောက်ယူနေသောကြောင့် ညောင်ရွှေမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ လည်း ကြောက်ရွံ့ထိတ်လန့်နေရပြီး ထပ်မံပြောင်းရွှေ့ရမည့် အရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟု အကူ အညီ ပေးနေသူများက ပြောသည်။

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ညောင်ရွှေမြို့နယ်၊ စံကားမြို့နှင့် ထီရီးကျေးရွာတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က လူငယ် အယောက် ၁၂၀ ကို တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခဲ့သေးသည်။

ထို့အပြင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်၊ ကောလိပ် နှင့် နည်းပညာ တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများကို လိုအပ်ပါက စစ်မှုထမ်းရမည်ဟု ပြောဆိုခဲ့ ကြောင်း ပုသိမ် ပညာရေး ကောလိပ်မှ ဆရာ/မများက ပြောသည်။

စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်းတင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်နေသည့် တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာ တက္ကသိုလ် ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများ၏ အခြေခံ စစ်ပညာသင်တန်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေနဲ့ တိုင်းပြည် အေးချမ်းရေး အတွက် အကြမ်းဖက်တွေကို နှိမ်နင်းနေတာ ဖြစ်ပြီး မည်သူ မဆို စစ်ပညာသင်ကြားပြီး လိုအပ်ပါက စစ်မှုထမ်းကာ တပ်မတော်နဲ့ လက်တွဲပြီး အကြမ်းဖက် သောင်းကျန်းသူတွေ ကို နှိမ်နင်းကြရမယ် ဟု ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်မောင်ဝင်းက သင်တန်းတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ယက် စာမျက်နှာအချို့တွင် ပုသိမ် တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာ သိပ္ပံ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်က ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများက မိမိတို့ ဆန္ဒ အလျောက် စစ်သင်တန်း တက်ရောက်ကြသည်ဟု ဓါတ်ပုံများတင်ပြီး ဝါဒဖြန့်နေသည်။

အခြေခံ စစ်ပညာသင်တန်း တက်နေသည့် တက္ကသိုလ် ကျောင်းသူတစ်ဦး က ကိုယ်ဆန္ဒနဲ့ကိုယ် တက်ချင်လွန်း လို့ တက်တာလည်း မဟုတ်ဘူး။ မအလ တပ်ထဲလည်း ဝင်တာလည်း မဟုတ်ဘူး။ မအလရဲ့ တပ်မှာ ဘယ်တော့ မှလည်း စစ်မှုမထမ်းနိုင်ပါဘူး။ ဆရာမက စစ်သင်တန်း တက်ပေးပါ ပြောလာ တာကြောင့် ဆရာမကို အားနာ လို့ တက်တာ ဟု ပြောသည်။

ပုသိမ် ပညာရေး ကောလိပ်က နည်းပြ ဆရာ၊ ဆရာမများ နှင့် ဆရာ၊ ဆရာမလောင်း အများစုက မဖြစ်မနေ တက်နေကြရခြင်း ဖြစ်ပြီး ကျန်တက္ကသိုလ်များက ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများလည်း ကျောင်းအုပ်ကြီးများက တက္ကသိုလ်အလိုက်၊ မေဂျာအလိုက် ခွဲတန်းချပေးပြီး စစ်သင်တန်း တက်ခိုင်းခြင်း ဖြစ်သည်ဟု တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောသည်။

စစ်ကောင်စီက တော်လှန်ရေး အင်အားစုများနှင့် တိုက်သော စစ်မျက်နှာတိုင်း၌ မြို့ရွာများရှိ စစ်စခန်းကြီးငယ် များကို လက်လွှတ် ဆုံးရှုံးနေရပြီး အလင်းဝင် လက်နက်ချသူ၊ တိုက်ပွဲကျ၊ CDM လုပ်သူ၊ တပ်ကထွက်ပြေးသူ များပြားလာနေသည်။

ထို့အပြင် ယခင်ကတည်းက တပ်ရင်းအလိုက် ရှိရမည့် စစ်သည် အင်အားကို မဖွဲ့စည်းခဲ့ခြင်းကြောင့် လိုအပ်လာ သော စစ်သည်အင်အားကို နည်းမျိုးစုံဖြင့် စုဆောင်းနေရ သည်ဟု အငြိမ်းစား တပ်ကြပ်ကြီးဟောင်း ဦးလှထွေး က ပြောသည်။

စစ်ကောင်စီက ဖွင့်လှစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က နည်းပြများ သင်ကြားပေးသည့် ထို အခြေခံ စစ်ပညာသင်တန်းမှာ လက်နက်မဲ့ အခြေခံ စစ်ပညာနှင့် လက်နက်ငယ် စစ်ပညာတို့ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မှ စတင်ကာ နှစ်ပတ်ကြာသင်ကြားမှာ ဖြစ်ပြီး တက်ရောက်သူ သင်တန်းသူ/သား ၁၁၆ ဦး ရှိသည်ဟု စစ်ကောင် စီ၏ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာ အချို့တွင် ဖေါ်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှ ရုန်းထွက်နိုင်ရေး လူငယ်များအား အရပ်ဘက်အဖွဲ့အစည်း အချို့ ကူညီပေးနေ

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအတိုင်း ပြည်သူများအနေဖြင့် ငြိမ်ခံနေရသော အခြေအနေမှ ရုန်းထွက် နိုင်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေသော အဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်တပ်အတွက်ပဲ အသက်ပေး ကာကွယ်ပေးမည့် ဥပဒေဖြစ်ပြီး

အပြစ်မဲ့လူငယ်များကို ပြည်သူများဘက်သို့ အတင်းအဓမ္မ သေနတ်ပြောင်းလှည့် လူသတ်စေသော ဥပဒေသာ ဖြစ်သည်ဟု New Myanmar Foundation အဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်သည်။

New Myanmar Foundation အဖွဲ့အပြင် Mother Embrace Foundation အဖွဲ့နှင့် အခြားသော ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသော အရပ်ဘက်အဖွဲ့အစည်းအချို့က အတင်းအဓမ္မ စစ်သား သစ် စုဆောင်းခံရမှုမှ လူငယ်များ ရှောင်ရှားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသည်။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသော Mother Embrace Foundation အဖွဲ့ တာဝန်ရှိသူ ဦးမျိုးမြင့်အောင်က တချို့ဟာတွေမှာလည်း အတင်းကြီးငြိမ်ကုပ်ပြီးတော့မှပဲ လုပ်သမျှခံနေရတဲ့ အဖြစ်မျိုး အရောက်အောင် ကျနော်တို့ ဒီဘက်ကအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေဒုက္ခမရောက်အောင် တတ်နိုင်သမျှ ကူညီပေးဖို့ ဆောင်ရွက်နေပါတယ် ဟု ပြောသည်။

ပြည်သူများအနေဖြင့် မလွှဲမရှောင်သာ အခြေအနေမျိုး၌ စစ်ကောင်စီ၏ မတရား စစ်မှုထမ်းဥပဒေကနေ လွတ် မြောက်ရေးအတွက် ရည်ရွယ်ပြီး ကူညီလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးမျိုးမြင့်အောင်က ဆက်ပြောသည်။

အဓိကကတော့ နိုင်ငံရေးအသိုင်းဝိုင်းတွေမှာသုံးသပ်ကြတာတော့ အမျိုးမျိုးရှိတယ် ရှောင်လို့ မလွတ်ဘူးဆိုရင် လည်း ဒီတပ်ထဲကိုဝင် ပြောင်းလှည့်ပေါ့။ ဒါကတော့မဖြစ်နိုင်တဲ့ အရမ်းခက်ခဲတဲ့ အခြေနေမျိုးမှာရှိတယ် အဲဒီ တော့ မြို့ပြမှာရှိနေတဲ့ လူငယ်တွေကို ကျနော်တို့ ဒီဘက်မှာပေါ့ တိမ်းရှောင်ချင်တယ်ဆိုရင် ဥပမာ ကျနော်တို့ လွတ်မြောက်နယ်မြေတွေ ဘက်ကိုသွားချင်တာလားပေါ့။ ဒါမှမဟုတ် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို သူတို့ ထွက် လာမှာလားပေါ့။ ဆိုလိုချင်တာက သူတို့အတွက် အဆင်ပြေနိုင်မယ့်အခြေနေမျိုးကို ကျနော်တို့ဘက်က ဒီဘက် ကနေပြီးတော့ လာရမယ့်ပုံစံတွေကို အကြံဉာဏ်ပေးတာမျိုးတွေ ဆွေးနွေးပေးတာတွေ ဒီဘက်မှာရှိတဲ့ Information တွေကို ရှဲပေးတာမျိုးတွေ လုပ်တာပါ။

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သော သူများကို ပြည်ပနိုင်ငံများဘက် ထွက်ပြေး တိမ်းရှောင်ခြင်းမျိုးနှင့် တော်လှန်ရေးနယ်မြေများထဲ ဝင်၍မရအောင် နည်းလမ်းအမျိုးမျိုးနှင့် လုပ်နေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဦးမျိုးမြင့်အောင်တို့၏ အဖွဲ့အစည်းကို ဆက်သွယ် အကူအညီ တောင်းနိုင် ကြောင်း ယခုကဲ့သို့ ပြောသည်။

အခုဆိုရင် စကစဘက်ကနေပြီးတော့ page အတုတွေထောင်ပြီးတော့ လူငယ်တွေကို အချက်အလက်တွေ ကောက်တာမျိုးတွေ ဖမ်းဆီးနေတာမျိုးတွေရှိတယ်ပေါ့နော်။ အဲလိုမျိုးမဖြစ်အောင်လို့ ဘယ်နေရာ ဘယ်ဒေသ မှာ ဘယ်အဖွဲ့အစည်း ဘယ်ရဲ့ page က အစစ်ဖြစ်ပါတယ် ဆိုတာမျိုးတွေ ကျနော်တို့ စိစစ်ပေးတာမျိုးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်။ နောက် သူတို့ထွက်မယ့်နေရာ ဘယ်ဒေသနဲ့ အနီးစပ် ဆုံးဖြစ်တယ်ပေါ့နော်။ အဲ့ဒါမျိုးလေးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးနိုင်တယ်။ ဆိုလိုချင်တာ ကတော့ ရန်ကုန်လိုဟာမျိုးက စကစ စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ သူတို့အပြည့်အဝတော့ မဟုတ်ဘူး။ ဒါ ပေမယ့် ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ PDF တွေ စစ်ရှောင်စခန်းတွေ အဖွဲ့အစည်းတွေကတော့ ရှိနေ တာပဲပေါ့ ဒါမျိုးလေးတွေတော့ရှိတယ်။

စစ်ကောင်စီ၏ မတရားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ရုန်းထွက်ချင်ပါက ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်နေသူများ၊ အဖွဲ့အစည်းများကို အကူညီတောင်းခံနိုင်ကြောင်းနှင့် New Myanmar Foundation ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုက အရှိန်အဟုန်ကောင်းကောင်းနှင့် အောင်မြင်နေပြီ ဖြစ်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများစုအနေဖြင့်လည်း စစ်ကောင် စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လုံးဝလက်မခံဘဲ တတ်အား၍ အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ထုတ်ပြန် ထားသည်။