လူမျိုးရေး ခွဲခြားမှုနဲ့ ဖိနှိပ်မှုကို ရှင်းလင်းနိုင်မှ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်မယ်လို့ NUG ယာယီသမ္မတ ပြော။

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးသည့် အရာများကို မသုတ်သင် မရှင်းလင်းနိုင်ပါက စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်ဟု အမျိုး သား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးရေးဖိနှိပ်မှုများကို သုတ်သင်ရှင်းလင်းနိုင်မှသာ စစ် မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု NUG ယာယီသမ္မတ က ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ “အခု နွေဦးတော်လှန်ရေးအတွင်းမှာ ကျနော်တို့ ဟာ လူမျိုးရေးခွဲခြားမှုနဲ့ လူ မျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပြန်လည် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါ တယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည် ဆောက်ရေးက ခိုင်ခိုင်မာမာ ပေါ် ထွက်လာမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးအတွက်လည်း အားထုတ်ကြရမှာ ဖြစ်သလို၊ တည် ဆောက်ရေး အတွက်လည်း မြော်မြင်တွေးခေါ်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုသစ် အတွက် ကြိုတင် လုပ်ဆောင်ထားရမယ့် အရေးအရာတွေ အများကြီး ရှိနေတာကို မမေ့သင့်ဘူးလို့ ထင်ပါ တယ်” ဟု ပြောသည်။

ပင်လုံအနှစ်သာရကို ဖော်ဆောင်နိုင်သည့် ပြည်ထောင်စု စိတ်ဓာတ်သည် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စရိုက်၏ ဖျက်ဆီးမှုကို ခံခဲ့ရသည့်အပြင် လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်ခံရမှုများကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

တန်းတူညီမှုနှင့် အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်းဆိုသည့် အနှစ်သာရမှာ စစ်အာဏာရှင်အစိုးရ လက်အောက်၌ ပျက်သုဉ်းခဲ့ကြရသည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။

ဒူဝါလရှီးလ က “ကျနော်တို့ဟာ ယခုအချိန်မှာ အတိတ်က ကြုံဆုံခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည် ဆင် ခြင်ကြဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ချီပြီး ကြည့်မြင်နားလည်နိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော် အမြင်ကိုလည်း ဆန့်ထုတ်ဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ ကျနော်တို့ ရင် တွင်းက သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ကျနော်တို့ဟာ ငြိမ်းချမ်းသော/စည်းလုံးသော လူ့ဘောင် အဖွဲ့ အစည်းကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရင်တွင်းမှာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ကိန်းအောင်း ဖြစ်တည်စေဖို့ အထူးလို အပ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်ခံရမှုများကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြပြီး လူမျိုးရေးခွဲခြား မှုမှာ ကြီးမားသထက် ကြီးမားလာခဲ့တာသည်ဟု ဒူဝါလရှီးလက ဆက်ပြောသည်။

“ဒါ့အပြင် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။ ကျနော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့ စိတ် တွေ ရှိခဲ့ရင်လည်း ဒါတွေကို စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လို အပ်ပါတယ်” ဟု ဒူဝါလရှီးလ က ဆက်ပြောသည်။

ပြည်ထောင်စုသစ်ကို တည်ဆောက်သည့် နေရာ၌ အာမခံချက်ရှိသော တန်းတူညီမျှမှုနှင့် အာမခံချက်ရှိသော ကိုယ်ပိုင် ပြဌာန်းခွင့်တို့ကို အလေးအနက်ထား တည်ဆောက်နိုင်မှသာ အောင်မြင်နိုင်မည်ဟု ဆိုသည်။

ထို့အပြင် ဒီမိုကရေစီ အခွင့်အရေးများနှင့် အာမခံချက် ရှိသည့် နိုင်ငံသား လွတ်လပ်ခွင့်တို့ကိုလည်း အလေး အနက်ထားပြီး တည်ဆောက်မှသာ စစ်မှန်သည့် ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အကောင်အထည် ဖော် နိုင်မှာ ဖြစ်သည်ဟု အမျိုးသားညီညွှတ်ရေး အစိုးရ NUG ယာယီသမ္မတက ပြောသည်။