ပြည်သူ့စစ်မှုထမ်းဥပဒေမှ ရုန်းထွက်နိုင်ရေး လူငယ်များအား အရပ်ဘက်အဖွဲ့အစည်းအချို့ ကူညီပေးနေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ ဖေဖော်ဝါရီလ ၂၉ ရက်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအတိုင်း ပြည်သူများအနေဖြင့် ငြိမ်ခံနေရသော အခြေအနေမှ ရုန်းထွက် နိုင်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေသော အဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်တပ်အတွက်ပဲ အသက်ပေး ကာကွယ်ပေးမည့် ဥပဒေဖြစ်ပြီး
အပြစ်မဲ့လူငယ်များကို ပြည်သူများဘက်သို့ အတင်းအဓမ္မ သေနတ်ပြောင်းလှည့် လူသတ်စေသော ဥပဒေသာ ဖြစ်သည်ဟု New Myanmar Foundation အဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်သည်။

New Myanmar Foundation အဖွဲ့အပြင် Mother Embrace Foundation အဖွဲ့နှင့် အခြားသော ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသော အရပ်ဘက်အဖွဲ့အစည်းအချို့က အတင်းအဓမ္မ စစ်သား သစ် စုဆောင်းခံရမှုမှ လူငယ်များ ရှောင်ရှားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသည်။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသော Mother Embrace Foundation အဖွဲ့ တာဝန်ရှိသူ ဦးမျိုးမြင့်အောင်က “တချို့ဟာတွေမှာလည်း အတင်းကြီးငြိမ်ကုပ်ပြီးတော့မှပဲ လုပ်သမျှခံနေရတဲ့ အဖြစ်မျိုး အရောက်အောင် ကျနော်တို့ ဒီဘက်ကအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေဒုက္ခမရောက်အောင် တတ်နိုင်သမျှ ကူညီပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ပြည်သူများအနေဖြင့် မလွှဲမရှောင်သာ အခြေအနေမျိုး၌ စစ်ကောင်စီ၏ မတရား စစ်မှုထမ်းဥပဒေကနေ လွတ် မြောက်ရေးအတွက် ရည်ရွယ်ပြီး ကူညီလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးမျိုးမြင့်အောင်က ဆက်ပြောသည်။

“အဓိကကတော့ နိုင်ငံရေးအသိုင်းဝိုင်းတွေမှာသုံးသပ်ကြတာတော့ အမျိုးမျိုးရှိတယ် ရှောင်လို့ မလွတ်ဘူးဆိုရင် လည်း ဒီတပ်ထဲကိုဝင် ပြောင်းလှည့်ပေါ့။ ဒါကတော့မဖြစ်နိုင်တဲ့ အရမ်းခက်ခဲတဲ့ အခြေနေမျိုးမှာရှိတယ် အဲဒီ တော့ မြို့ပြမှာရှိနေတဲ့ လူငယ်တွေကို ကျနော်တို့ ဒီဘက်မှာပေါ့ တိမ်းရှောင်ချင်တယ်ဆိုရင် ဥပမာ ကျနော်တို့ လွတ်မြောက်နယ်မြေတွေ ဘက်ကိုသွားချင်တာလားပေါ့။ ဒါမှမဟုတ် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို သူတို့ ထွက် လာမှာလားပေါ့။ ဆိုလိုချင်တာက သူတို့အတွက် အဆင်ပြေနိုင်မယ့်အခြေနေမျိုးကို ကျနော်တို့ဘက်က ဒီဘက် ကနေပြီးတော့ လာရမယ့်ပုံစံတွေကို အကြံဉာဏ်ပေးတာမျိုးတွေ ဆွေးနွေးပေးတာတွေ ဒီဘက်မှာရှိတဲ့ Information တွေကို ရှဲပေးတာမျိုးတွေ လုပ်တာပါ။”

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သော သူများကို ပြည်ပနိုင်ငံများဘက် ထွက်ပြေး တိမ်းရှောင်ခြင်းမျိုးနှင့် တော်လှန်ရေးနယ်မြေများထဲ ဝင်၍မရအောင် နည်းလမ်းအမျိုးမျိုးနှင့် လုပ်နေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဦးမျိုးမြင့်အောင်တို့၏ အဖွဲ့အစည်းကို ဆက်သွယ် အကူအညီ တောင်းနိုင် ကြောင်း ယခုကဲ့သို့ ပြောသည်။

“အခုဆိုရင် စကစဘက်ကနေပြီးတော့ page အတုတွေထောင်ပြီးတော့ လူငယ်တွေကို အချက်အလက်တွေ ကောက်တာမျိုးတွေ ဖမ်းဆီးနေတာမျိုးတွေရှိတယ်ပေါ့နော်။ အဲလိုမျိုးမဖြစ်အောင်လို့ ဘယ်နေရာ ဘယ်ဒေသ မှာ ဘယ်အဖွဲ့အစည်း ဘယ်ရဲ့ page က အစစ်ဖြစ်ပါတယ် ဆိုတာမျိုးတွေ ကျနော်တို့ စိစစ်ပေးတာမျိုးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်။ နောက် သူတို့ထွက်မယ့်နေရာ ဘယ်ဒေသနဲ့ အနီးစပ် ဆုံးဖြစ်တယ်ပေါ့နော်။ အဲ့ဒါမျိုးလေးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးနိုင်တယ်။ ဆိုလိုချင်တာ ကတော့ ရန်ကုန်လိုဟာမျိုးက စကစ စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ သူတို့အပြည့်အဝတော့ မဟုတ်ဘူး။ ဒါ ပေမယ့် ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ PDF တွေ စစ်ရှောင်စခန်းတွေ အဖွဲ့အစည်းတွေကတော့ ရှိနေ တာပဲပေါ့ ဒါမျိုးလေးတွေတော့ရှိတယ်။”

စစ်ကောင်စီ၏ မတရားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ရုန်းထွက်ချင်ပါက ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်နေသူများ၊ အဖွဲ့အစည်းများကို အကူညီတောင်းခံနိုင်ကြောင်းနှင့် New Myanmar Foundation ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုက အရှိန်အဟုန်ကောင်းကောင်းနှင့် အောင်မြင်နေပြီ ဖြစ်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများစုအနေဖြင့်လည်း စစ်ကောင် စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လုံးဝလက်မခံဘဲ တတ်အား၍ အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ထုတ်ပြန် ထားသည်။

ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး