တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၄ – ၃ – ၂၄)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မြို့ပတ်ဝန်းကျင်တွေကို စစ်ရှိန်မြှင့်မှာမို့ ကလေးမြို့က ပြည်သူတွေကို မြို့ကနေရှောင်ဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ကောင်စီက ရပ်ကွက်တိုင်းမှာ ဧည့်စာရင်းစစ်တာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို ပြုန်းတီးပျက်စီးစေပြီး အနာဂတ် နိုင်ငံတည်ဆောက်ရေးကို ထိခိုက်စေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။