ကချင်တိုက်ပွဲ နောက်ဆုံးအခြေအနေ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်

ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက လိုင်ဇာမြို့ အနီးဝန်းကျင်နဲ့  ဗန်းမော်၊ ဒေါ့ဖုန်းယာန်၊ ဝိုင်းမော်မြို့နယ်ထဲက  စစ်ကောင်စီတပ်စခန်းတွေ ကို မတ်လ ၇ ရက်နေ့ မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ KIO  က ဆိုပါတယ်။

KIA အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဘာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလဲ၊ ဒီနေ့တိုက်ပွဲ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ၊ လက်ရှိ အချိန်အထိ စစ်ကောင်စီတပ်စခန်း ဘယ်နှစ်ခုကို KIA  သိမ်းပိုက်ထားပြီလဲ။ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ရေးဗျူဟာအရ ဘယ်လောက်အရေးပါသလဲ။ စတာတွေကို ကချင်လွတ်လပ်ရေး KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါတယ်။