လွယ်ဂျယ်တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေ
သတင်းနှင့်မီဒီယာကွန်ရက်
၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်။
ကချင်နှင့် တရုတ် နယ်စပ် လွယ်ဂျယ် အနီးဝန်းကျင်၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်မှာ ၄ ရက်ရှိပြီဟု ဒေသခံများက ပြောသည်။
လွယ်ဂျယ်ကို သိမ်းပိုက်နိုင်ရေး KIA နှင့် ပူးပေါင်းအဖွဲ့များဘက်က ပိတ်ဆို့ထားပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကလည်း တရုတ်ဘက်ခြမ်းမှ ထွက်ပြေးရန် လုပ်နေကြသည်ဟု လွယ်ဂျယ် ဒေသခံများက ပြောသည်။
လွယ်ဂျယ် ဒေသခံ အမျိုးသမီးတစ် “၄ နာရီ ၁၇ လောက်ကစပြီး သူတို့ဟာ သူတို့ပစ်၊ ၆ နာရီလောက်အထိ ပစ် နေကြတာ။ အဲ့ကနေ ပြန်ငြိမ်သွား တယ်။ သူတို့ကို သွားလိုက်ပြီတောင် ထင်တာ။ တရုတ်ကနေ သွားလိုက်ပြီ ထင်တာ သွားလို့မရဘူး ဖြစ်သွား တယ်။ တရုတ်ဘက်က ပေးမဖြတ်ဘူး။ အဲ့ဒါ ဒီအတိုင်းပဲ ဆက်နေနေကြ တယ်။ KIA က သူတို့ကို အညံ့ခံဖို့ အလံဖြူထောင်ဖို့ ပြောတယ်တဲ့ အဲ့ဒါမထောင်သေးဘူး။ တချို့ကလည်း အလံထောင်ရအောင်လို့ ပြောပေမယ့် တချို့ကလည်း မထောင်ဘူး အဲ့လိုမျိုးတဲ့ အခုလောလောဆယ်အထိက” ဟု ပြောသည်။
မတ်လ ၂၉ ရက်နေ့ကစတင်ပြီး လွယ်ဂျယ်မြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့များက ဝန်းရံပိတ်ဆို့ထားပြီဟု ဒေသခံ များက ပြောဆိုနေကြသောလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အဆိုပါ အခြေ အနေနှင့် ပတ်သက်၍ မသိရသေးဘူးဟု ပြောသည်။
“လွယ်ဂျယ် အခြေအနေကတော့ ကျနော်တို့ KIA တပ်နဲ့လည်း မတင်းမာဘူး။ တိုက်ပွဲလည်း မရှိပါဘူး အဲ့ဒီ ဘက်မှာ။ နဂိုပုံမှန်အတိုင်းပဲ ရှိပါတယ်။ စကစဘက်က သူတို့ရဲ့ တပ်တွေလည်း နဂိုအတိုင်းပဲ ရှိပါတယ်။ သူတို့ အရပ်ဘက်ဝန်ထမ်းတွေကတော့ အားလုံး သူတို့တာဝန်နဲ့သူတို့ရှိပါတယ်။ ဘာမှ ထူးခြားမှုကတော့ မရှိပါဘူး။”
မတ်လ ၂၇ ရက်နေ့က စတင်၍ ဗန်းမော် – လွယ်ဂျယ် လမ်းတကြောရှိ စစ်ကောင်စီ တပ်စခန်းများကို KIA နှင့် ပူး ပေါင်းအဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ၂ရက်အတွင်း ယောယုံ တပ်စခန်းကြီး အပါအဝင် တပ်စခန်း ပေါင်း ၇ ခုခန့်ကို သိမ်းယူခဲ့သည်။
ဗိုလ်မှူးကြီးနော်ဘူက “လွယ်ဂျယ်နဲ့ ဗန်းမော်ကြားကတော့ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့၊ ၂၉ အထိပေါ့ ရှိပါ တယ်။ အရေးကြီးတဲ့ တပ်စခန်းကတော့ ယောယုံပေါ့ အဲ့ဒီယောယုံတပ်စခန်းကြီးကိုတော့ ကျနော်တို့ သိမ်းပိုက် ထားနိုင်ပါပြီ။ နောက် အဲ့ဒီ ယောယုံတို့၊ စိန်လုံပတ်ဝန်းကျင်က ရှေ့တန်းစခန်းတွေကိုလည်း ကျနော်တို့ ၇ ခုလား မသိဘူး သိမ်းပိုက်လို့ရပါ တယ်။ ဒါကြောင့် အခုကတော့ လွယ်ဂျယ်ကနေ ဗန်းမော်ဘက်ကို သွားတဲ့ လမ်း ကြောင်းမှာ ကြားမှာတော့ ကျနော်တို့ စခန်းတွေ ရပါပြီ။ ဒါကြောင့် လွယ်ဂျယ်က စကစတွေကတော့ ဗန်းမော် ဘက်ကို ကားလမ်းနဲ့ သွားဖို့ က တော့ မရတော့ပါဘူး။ အဲ့ဒါကတော့ ထူးတာ တခုရှိပါတယ်” ဟု ပြောသည်။
လက်ရှိမှာတွင် လွယ်ဂျယ်က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများလည်း ရပ်တန့်နေသလို စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းများကလည်း တရုတ်ဘက်ခြမ်းမှနေ၍ ထွက်သွားနိုင်ရေး ကြိုးစားနေကြသည်ဟု ဒေသခံများ က ဆိုသည်။
ဒေသခံများ၏ ခန့်မှန်းချက်အရ လွယ်ဂျယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း အယောက် ၃၀၀ ကျော်ခန့် ရှိနိုင်သည်ဟု သိရသည်။
ကချင်-တရုတ်နယ်စပ်က စစ်ရေး အခြေအနေများကြောင့် တရုတ်ဘက်ခြမ်းကမူ နယ်စပ်တလျှောက်တွင် နယ် စပ်စည်းမျဉ်းကို သိသာစေရေး ပိတ်စ အနီများနှင့် ကာရံတားထားပြီး လုံခြုံရေးကိုလည်း အထူးကြပ်မတ်ထား သည်ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။