တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၂ – ၄ – ၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေကလည်း ပြန်လည်တိုက်ခိုက်ဖို့ စစ်ကူတွေစေလွှတ်နေပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခွင်လုံးမှာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က မိုင်းရှင်းလင်းရေးခေါင်းစဉ်နဲ့ ပိုက်ဆံကောက်ဖို့ လုပ်ဆောင်နေပါတယ်။