အာဏာရှင်ဖြုတ်ချရေးနဲ့ ဖက်ဒရယ် တည်ဆောက်ရေးအတွက် UWSP နဲ့ လက်တွဲမည်ဟု NUG ဆို
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။