တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၃ – ၆ – ၂၂)
ရခိုင်ပြည် ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်ထဲ ပိတ်မိနေကြတဲ့ အကျဉ်းသားအယောက် ၁၀၀ နီးပါးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ခဲ့ပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ အရပ်သားပြည်သူတစ်သောင်းခွဲလောက်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ဆီဆိုင်မြို့နယ်ထဲမှာ လူနေအိမ်အလုံး ၄၀ ကျော်ကို ဖျက်ဆီးခဲ့ပြီးတဲ့နောက် ပြည်သူတစ်သောင်းခွဲကျော်လည်း စစ်ဘေးရှောင်နေကြရပါတယ်။