နေရပ်ပြန်ရန် ခက်ခဲနေသော ရှမ်းတောင်ရောက် ကရင်နီစစ်ရှောင်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်။

စစ်ကောင်စီတပ်က ရှမ်းပြည် တောင်ပိုင်းကို ရောက်နေတဲ့ ကရင်နီစစ်ရှောင်တွေနဲ့ ဆီဆိုင်က စစ်ရှောင်တွေကို နေရပ်ကို အတင်းအကြပ် ပြန်ခိုင်းနေတာတွေ ရှိနေပါတယ်။ 

တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်လို့ လူထုကို နေရပ်ပြန်ခိုင်းတာက မဖြစ်သင့်ဘူးလို့ ဆိုကြပါ တယ်။ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကရင်နီပြည်မှာ အလောင်း တစ်ချို့တောင် ပြန်မရသေးတဲ့ အခြေအနေမှာ ရှိနေတာပါ။ 

လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားသေဆုံးမှုက ပိုပိုများလာနေတယ်လို့ ကရင်နီအရပ် ဘက် အဖွဲ့အစည်းတွေက ဆိုကြပါတယ်။ ဒီအခြေအနေတွေရဲ့ တဖက်မှာတော့ လွိုင်ကော်က စစ်ရှောင်တွေဟာ နေရပ် ကို ပြန်နေကြပြီလို့ သတင်းတွေ ထွက်နေပါတယ်။ ဒါဟာ ဝါဒဖြန့်မှု သက်သက်လို့ ကရင်နီတော်လှန်ရေး အင် အားစုတွေက ဆိုပါတယ်။ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ဘက်မှ သတ်ဖြတ်ထားခဲ့တဲ့ ဒေသခံပြည်သူတွေရဲ့ အလောင်းတချို့ ပြန်လည် တွေ့ရှိခဲ့ပြီး ပြန်မကောက်နိုင်သေးတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်းမှု နောက်ပိုင်းနဲ့ တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ရွာက စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားခဲ့သာနေရာမှာ အသတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်နေသော ဒီးမော့ဆို PDF ရဲဘော်တစ်ဦးက အရိုးတွေပဲ ကျန်တာ။ တချို့က အဝတ် ကျန်သေးလို့ ဘယ်ရွာကလူလဲ မှတ်မိသေးတယ်။ တချို့က အဝတ်ကော မကျန်တော့လို့ အရိုးကို ကြည့်ပြီး ခန့် မှန်းရတယ် 

ခေါက်ပလော့ရွာမှာ တွေ့ရှိခဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းတွေကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက် ၄ က အသက် ၅၀ အရွယ်ရှိသော အမျိုးသား တစ်ယောက်နဲ့ တနန်းဥကွိုင်က အသက် ၄၀-၅၀ ကြား အမျိုးသား တစ်ယောက် ဖြစ်ပြီး တခြားသူတွေက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတောင် ခန့်မှန်းလို့ မရတော့ဘူးလို့ ဆိုကြပါတယ်။ 

သေဆုံးသူတွေထဲ ရပ်ကွက် ၄ မှာ နေထိုင်တဲ့ အမျိုးသားက လွန်ခဲ့တဲ့နှစ်က နေရပ်ကို ပြန်မဝင်သေးဖို့ တော်လှန် ရေးတပ်ဖွဲ့တွေ တားမြစ်ထားတဲ့ ကြားကနေ အိမ်ကို ပြန်လည် ခိုးဝင်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရသူဖြစ်တယ်လို့ ဒီးမော့ဆို PDF ရဲဘော်က ဆက်ပြောပါတယ်။

ရွာက တစ်ယောက်က အိမ်ပြန်တာ တားတာမရလို့ လေး ငါး ခေါက်ရှိပြီ တားတာ။ တစ်ခေါက်က ရဲဘော်တွေ မမြင်တုန်း ပြန်တာ သေနတ်သံထွက်လာမှသိတာ။” 

အခုနှစ် ဧပြီလထဲမှာတော့ ဒီးမော့ဆိုမြို့က ကရင်နီ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီက တပ်ဆုတ်ခွာသွား တဲ့ နယ်မြေထဲ ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ပြီး မြေပြင်မှာ စစ်တပ်က သတ်ဖြတ်ထားတဲ့ ပြည်သူတွေရဲ့ ရုပ် အလောင်းတွေ ထပ်ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့မှာလည်း တစ်လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်အကျဉ်းထောင် အနီး စစ်တပ်က ပစ်သတ်ထားတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို အချိန် ၄ လနီးပါးကြာလာတဲ့ အထိ ပြန်သယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ အကျဉ်းထောင်ရှိရာ ဒေါဥခူရပ်ကွက်မှာ နေထိုင်ခဲ့တဲ့ ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါ တယ်။

အဲ့မှာ လူသေတွေလည်း ရှိတယ်တဲ့။ အလောင်းတွေဆို ပြန်မကောက်ရသေးဘူးတဲ့။ အဲ့မျိုးတွေလည်း ရှိတယ် ပြောတယ်။ ပြည်သူတွေနဲ့ပဲ တူတယ်။ သူတို့စစ်ရှောင်သွားရင်းနဲ့ အဲ့လမ်းကို သွားမိတယ်နဲ့ တူတယ်။ တချို့သူ တွေက ဘယ်သိမလဲနော်။

လက်ရှိမှာ လွိုင်ကော် အကျဉ်းထောင်ထဲကနေ စနိုက်ပါတွေနဲ့ ချိန်ရွယ်ထားပြီး ထောင် အနီးဝန်းကျင်ရှိ အိမ်တွေ ကိုလည်း ပစ်ကွင်းရှင်းဖို့ မီးရှို့ဖျက်ဆီးထားတဲ့အတွက် ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူ အရေအတွက်ကိုတောင် အတိ အကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီလိုမျိုး အခြေအနေတွေကြောင့် လုံခြုံရေး အ‌ခြေအနေ စိုးရိမ်ရပြီး သွားရောက် မကြည့်ရှုနိုင်သေးတာလို့ ဒေါဥခူ ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့လည်း အကြောင်းမဲ့ သတ်ဖြတ်ခံရပြီး ပျောက်ဆုံး နေတဲ့ အရပ်သား ပြည်သူတွေအရေး ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေတယ်လို့ IEC အတွင်းရေးမှူး (၂) ဦးဗညား က ပြောပါတယ်။

လူတွေကတော့ ပျောက်တယ် ရှာတယ် ရှာပေးကြပါ ဆိုပြီးတော့မှ ပြောလာတာတော့ ရှိတယ်ပေါ့နော်။ ကျ နော်တို့ကတော့ အဲ့လိုမျိုး ကြားပြီဆိုရင် အတတ်နိုင်ဆုံး တပ်ဖွဲ့ဝင်တွေကို မဟုတ်ရင်လည်း မြို့တွင်းမှာ စီမံကြီး ကြပ်ပေးနေတဲ့ KSP (Karenni State Police) ကော်မတီ ရှိတယ်ပေါ့နော်။ အဲ့ဒီကော်မတီနဲ့ ချိတ်ဆက်ပြီး တော့ သွားတာတော့ရှိတယ်။ ဒါကတော့ လောလောဆယ် လုပ်နေတဲ့ပုံစံပေါ့။

မတ်လ နောက်ဆုံးပတ်မှာလည်း လွိုင်ကော်မြို့အတွင်း ပစ္စည်း ပြန်လာသယ်ယူခဲ့တဲ့ ဒေသခံတစ်ယောက်ကို စစ် တပ်က ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီ အလောင်းကို သွားသယ်ယူဖို့ ကြိုးစားနေကြပေမယ့်လည်း အနီးမှာ စစ်တပ်က တပ်စွဲထားတာကြောင့် မေလပထမပတ်ထိ သွားသယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ ဦးဗညားက ပြောပါတယ်။

ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရ တစ်လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့မှာ စစ် တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး အလောင်း ပြန်မသယ်ယူနိုင်သေးတဲ့ ပြည်သူ့အလောင်း ၁၅ လောင်းထက်မနည်း ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

ဒီလိုအခြေအနေတွေရဲ့ တဖက်မှာ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်ထဲ ရောက်နေတဲ့ ကရင်နီစစ်ရှောင်တွေနဲ့ ဆီဆိုင်ဘက်က စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ အတင်းအကျပ် ဖိအားပေးနေပါတယ်။

တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေသလို စစ်တပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထုက နေရပ်ကို မပြန်ရဲကြသေးပါဘူး။

လွိုင်ကော်မြို့နယ်ထဲက ကုန်းသာရွာကို ဧပြီလ ၂၀ ရက်နေ့၊ မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ အယောက် ၂၀ ထက်မနည်းကတော့ ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရးအဖွဲ့က ဧပြီ လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့၊ ညကလည်း ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်ထဲက ကရင်နီလူမျိုးတွေ နေထိုင် တဲ့ လွယ်ယင်းပီကင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသုံး တိုက်ခိုက်ခဲ့တာကြောင့် ကလေး အပါအဝင် အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။

ဒီလေကြောင်းတိုက်ခိုက်မှု နှစ်ခုထဲ ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သားပြည်သူ ၉ ယောက် သေဆုံး ခဲ့ပြီး အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အိမ်လည်း အလုံးရေ ၃၀ ထက်မနည်း ပျက်စီး သွား တယ်လို့ ကရင်နီလူ့အခွင့်အရးအဖွဲ့ KnHRG က ပြောပါတယ်။

ဦးဗညား ကတော့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) ပူးတွဲတည်ထောင်သူလည်း ဖြစ်လို IEC ရဲ့ အတွင်းရေးမှူး (၂) တာဝန်ကိုလည်း ယူထားပါတယ်။

သေချာတာတစ်ခုကတော့ စစ်ကောင်စီကတော့ စစ်ရာဇဝတ်မှုတွေကို အရင်ကကျူးလွန်သလို အခုလည်း ဆက်တိုက် ကျူးလွန်နေတယ် ဆိုတာ ရှင်းရှင်းလင်းသိသာတယ်ပေါ့။ နောက်တစ်ခုက လူသားမျိုးနွယ်စုအပေါ် မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုလည်း ဖြစ်တယ်ဗျ” 

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်း အသုံးပြု တိုက်ခိုက်မှုက အရင့် အရင်ကတည်းက ကျူးလွန်နေတာ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုအပြင် လူမျိုးတုန်း သတ်ဖြတ်မှုကို ကျူး လွန်နေခြင်းတာ ဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက စစ်ရာဇဝတ်မှုနဲ့ ကြည့်မယ်ဆိုရင် တိုက်ပွဲဖြစ်ခြင်း မရှိတဲ့နေရာ တိုက်ပွဲ ဖြစ် တာတောင်မှ လူထုပစ်မှတ်တွေကို ရှောင်ပြီးတော့မှ တိုက်ခိုက်ရမယ် ဆိုပြီးတော့မှ စစ်ဥပဒေမှာ ပြဌာန်းထားပြီး သား ဖြစ်တယ်ပေါ့နော်။ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ရှိပြီးသားပဲ။” 

စစ်ကောင်စီက ပြည်သူတွေကို ထိခိုက်သေဆုံးစေလိုခြင်း၊ လူနေမှု ဘဝတွေကို ပျက်စီးစေလိုခြင်း စတဲ့ ရည် ရွယ်ချက်တွေနဲ့ အခုလိုမျိုး လုပ်နေတာ ဖြစ်တယ်လို့ ဦးဗညားက ထောက်ပြပါတယ်။

ဒါ့ကြောင့် အခုလိုလုပ်ရပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ကြောင်း ကရင်နီ လူ့အခွင့်အရးအဖွဲ့ (KnHRG) ပူးတွဲတည်ထောင်သူ က ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်တဲ့ အချိန်ကလည်း လူထုတွေ အိုးအိမ်မှာ အေးအေးဆေးဆေး အိပ်နားနေတဲ့ အချိန်မှာပဲ ရွေးပြီးတော့ တိုက်ခိုက်တယ်ဆိုတော့ ဒါကသေစေလိုတယ်၊ ပျက်စီးစေလိုတယ်ဆိုတဲ့ စိတ်ဆန္ဒရှိတယ်။ အဲ့ဒီ အတွက်ကြောင့်မလို့ ဒီလုပ်ရပ်က လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်သော လုပ်ရပ်တစ်ခုလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ လူတွေကို ကိုယ့်ရဲ့နေရာဒေသမှာ မနေရဲအောင် တခြားနေရာကို တွန်းပို့တယ်။ အဲ့ဒီ လိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေရဲ့ စားဝတ်နေရေးတွေ ပျက်စီးတယ်။ လူမှုစီးပွားတွေ ပျက်စီးတယ်။ ရိုးရာဓလေ့တွေ ကျင့်သုံးလို့မရအောင် လုပ်သွားတယ်ပေါ့နော်။

ကရင်နီပြည်နယ်ထဲမှာ သာမကဘဲ မြန်မာနိုင်ငံတဝှမ်းမှာ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံကို တောင်းဆိုကြောင်း KnHRG ရဲ့ ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီက ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အပြစ်မဲ့ အရပ်သားပြည်သူတွေကို မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်လို့ ပြည်နယ်တွင်းရှိ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ထောက် ပြ ပြောဆိုနေကြပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကရင်နီ စစ်ရှောင်တွေက နေရပ်ကို ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါဘူး။ လုံးဝမဖြစ်နိုင်ဘူးလို့ ကာယကံရှင် စစ်ရှောင်တွေကိုယ်တိုင် ပြောဆိုနေတဲ့ကြားက လွိုင်ကော်မှာ စစ်ရှောင်တွေ ပြန်နေကြပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လွိုင်ကော်မြို့မှာ စစ်ရှောင်တွေ ပြန်လည်နေထိုင်ကြဖို့ ပြောဆိုနေမှုတွေက လက်တွေ့မကျပဲ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်ရေးအခြေအနေတွေ တင်းမာနေဆဲဖြစ်ပြီး၊ လုံခြုံမှု လုံးဝမရှိသေးတဲ့ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်ဖို့ ဆိုတဲ့ သတင်းအချက်အလက်တွေက မေလ ပထမပတ်မှာ စတင်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလို ဝါဒဖြန့်မှုနဲ့အတူ စစ်ကောင်စီက ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့တွင်းက သူတို့ ထိန်းချုပ်ထား တဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်သုံးပြီး အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့ နည်းမျိုး စုံသုံး ကြိုးစားနေပါတယ်။

လက်ရှိမှာ လျှပ်စစ်မီးနဲ့ ရေ ပုံမှန်ပြန်လည်ရရှိရေး လုပ်ဆောင်ပေးနေပြီလို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီ ဂရမ် ချယ်နယ်တချို့မှာ ဖော်ပြထားကြပါတယ်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တချို့ဖြစ်တဲ့ မင်းစု၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ ဒေါတမ၊ ကြည်သာယာ၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀၊ ရေနီကန်ရပ်ကွက်တို့မှာ လျှပ်စစ်မီးတွေ ပြန်လည်ရရှိနေပြီလို့လည်း ပြောဆိုမှုတွေ ရှိလာပါတယ်။

မြေပြင်က လက်ရှိ အခြေအနေနဲ့ ပတ်သက်၍ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောတာအယ်စိုး က အခုလို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေတော့ ရံဖန်ရံခါရှိတယ်ပေါ့နော်။ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က လှုပ်ရှားနေတာမျိုးတော့ ရှိတယ်။ လွိုင်ကော်မြို့ထဲကိုတော့ ဝင်လို့မသင့်သေးတဲ့ အခြေ အနေမျိုးမှာ ဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ စစ်မြေပြင် ဖြစ်နေတဲ့အတွက် လွိုင် ကော်မြို့ထဲကို ပြန်ရောက်နေထိုင်တာတွေ ပစ္စည်းပြန်ဝင် ယူတာတွေက အန္တရာယ်များတဲ့ လုပ်ရပ်ပဲ ဖြစ်တယ် ပေါ့နော်။ အဲဒါကြောင့် ဝင်ရောက်ဖို့ မသင့်သေးဘူးလို့ပဲ ပြောချင်ပါတယ်။

လွိုင်ကော်မြို့ရဲ့ အနေအထားက ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ရှိနေပြီး စစ်ဇုန်ဖြစ်နေသေးတဲ့ အတွက် ပြည်သူတွေအနေနဲ့ ပြန်ဝင်နေတာမျိုး၊ ပစ္စည်းတွေ ပြန်သယ်တာမျိုး လုံးဝ မလုပ်သင့်သေးဘူးလို့ ဆိုပါတယ်။ 

စစ်တပ်ဘက်က ပြည်သူလူထုကို မြို့ထဲမှာ ပြန်နေထိုင်ကြဖို့ ပြောဆိုနေတာက ဝါဒဖြန့်မှု တစ်ခုသာ ဖြစ်ပြီး စစ်ပွဲ တွေထဲ လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ လုပ်နေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတစ်ခုသာ ဖြစ်တယ်လို့ စောတာအယ် စိုးက ဆက် ပြောပါတယ်။

လွိုင်ကော်မြို့က စစ်မြေပြင်ဖြစ်နေပါတယ်။ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးပေါ့ စစ်ကောင်စီဘက်က သက်သက် ဝါဒဖြန့်ချီနေခြင်း ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကို ပြန်လာအောင် ပြည်သူတွေ ကို လူသားဒိုင်းအဖြစ် ပြုလုပ်ပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းမယ့် သူတို့ရဲ့ ဗျူဟာပဲပေါ့နော်။ ဆိုတော့သူတို့ရဲ့ ဝါဒဖြန့်မှု သက်သက် ဖြစ်တယ်။

လွိုင်ကော်မြို့အတွင်း လတ်တလော စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အပြင် နေရာတချို့မှာ စစ်တပ်က စစ် ကြောင်းထိုးနေတယ်လို့ စောတာအယ်စိုးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကြောင့် မေလ ၅ ရက်နေ့မှာ ညောင်ရွှေရှိ လွိုင်ကော်စစ်ဘေးရှောင် အိမ်ထောင်စု ၅ စုက နေရပ်ကို ပြန်လာကြရာ တော်လှန်ရေးတပ်ဖွဲ့တွေက လုံခြုံမှုမရှိသေးကြောင်းနဲ့ မြို့ထဲကို မဝင်ကြသေးဖို့ စာကပ် တွေ ကပ်ထားတဲ့အတွက် လှည့်ပြန်ခဲ့ရတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းအထိ စစ်ရှောင်သွားကြရတဲ့ ကရင်နီစစ်ရှောင်တွေက သူတို့ ရောက်နေတဲ့ နေရာမှာ နေရာထိုင်ခင်း အဆင်မပြေမှု၊ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကြောင့် နေရပ်ရင်း ကို ပြန်ဖို့ ကြိုးစားနေကြပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် လွိုင်ကော်မြို့ကိုတော့ ဒီနေ့အချိန်ထိ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ 

ဒီအခြေအနေမျိုးမှာ နေရပ်ကို ပြန်နေဖို့က မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေက ဆိုကြပါတယ်။