တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၀ – ၆ – ၂၄ )

ရခိုင်ပြည် မောင်တောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ စခန်းကြီးနှစ်ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

ကချင်ပြည် ပန်ဝါမြို့နယ်အတွင်းမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက် မြေပြိုကျပြီး တရုတ်နိုင်ငံသား ၄ ယောက်နဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်က အခြေအနေတွေကို ဖော်ပြမယ့် Lose and Hope ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ဇွန်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။