တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၇ – ၆ – ၂၄ )

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်တောမြို့နယ်ထဲက အရပ်သား ပြည်သူ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ တပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်တာလို့ TNLA က စွပ်စွဲပြောဆိုလိုက်ပါတယ်။ 

ကရင်နီပြည်က ပြည်တွင်းစစ်အခြေနေတွေကို ဖော်ပြထားတဲ့ Lose and Hope ရုပ်ရှင်ဇာတ်ကားဒါရိုက်တာ အသက် ၂၂ နှစ်သာရှိသေးတဲ့ ဂျွန်မီယာရဲ့စစ်ပွဲကြားက အနုပညာအကြောင်းကိုလည်း တင်ဆက်ပေးထားပါတယ်။