ဂျွန်မီယာ (သို့မဟုတ်) အနုပညာနဲ့ စစ်ကောင်စီကို တော်လှန်သူ
နွေဦးတော်လှန်ရေးမှာ နိုင်ငံတစ်ဝှမ်းက လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်သူ အများအပြား ရှိနေပါတယ်။ အဲ့ဒီထဲ ကရင်နီစစ်ဘေးရှောင်လူငယ် ဂျွန်မီယာလည်း ပါဝင်ပါတယ်။ သူဟာ လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တွန်းလှန်နေသလို ကင်မရာကိုင်ပြီး သူလုပ်ချင်တဲ့အနုပညာအလုပ်ကိုလည်း လုပ်နေသူပါ။ ကရင်နီတော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကို တိုက်ပွဲတွေကြားထဲကနေပဲ ရိုက်ကူးနိုင်ခဲ့ပါတယ်။ သူ့အကြောင်း မအားမီက တင်ဆက်ထားပါတယ်။