တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၄ – ၆ – ၂၄ )

စစ်ကောင်စီက အပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် TNLA က ပြောပါတယ်။ 

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပါတယ်။ 

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖောက်ထွင်းခိုးယူသူတွေကြောင့် နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။