နှစ်ရက်အတွင်း စခန်း ၂၄ ခု သိမ်းနိုင်ကြောင်း တအာင်းတပ် ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ကြားက တစ်ကျော့ပြန် ရှမ်း မြောက်က တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ် ပြန်လိုက်သည်။
ဇွန် ၂၅ ရက်နေ့၊ နံနက်အစောပိုင်းက စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး အဆက်အဖြစ် ရှမ်းမြောက်က သီပေါ၊ ကျောက်မဲ၊ နောင်ချို နှင့် မန္တလေးတိုင်းထဲက မိုးကုတ်၊ မိုးမိတ်မြို့နယ်များထဲ စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA၊ မန္တလေး PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ထုတ်ပြန်ထားတဲ့ သတင်းက ဟုတ်ပါတယ်။ လက်ရှိကတော့ စခန်း တွေကို ကျမတို့က ထိန်းသိမ်းထားဆဲပေ့ါနော်။ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်မှု၊ လက် နက်ကြီး ပစ်ကူတာတွေ ဆက်တိုက်လုပ်နေပါတယ်။ လက်ရှိက စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီမှုကို ချိုး ဖောက်ပြီး အရပ်သားဦးတည်ပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ ရှိသလို နောက်တစ်ခုက ကျမတို့ဒေသတွေကို ပစ်မှတ်ထား ပြီး တိုက်ခိုက်နေတာမျိုးတွေ တွေ့ရပါတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်ထဲက နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂) အမြောက်တပ်ကုန်း၊ အင် ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း နေရာများနှင့် နောင်ချိုမြို့နယ်ထဲက ခမရ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်၊ ခဲမွန်၊ ကျောက်ကြမ်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းတို့ကို သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားသည်။
အလားတူ မိုးကုတ်မြို့နယ်ထဲတွင် ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင် ကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ကျောက်မဲမြို့က တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက “ကျနော်တို့ ကျောက်မဲမှာက လူနေ ရပ်ကွက်တွေထဲ လက်နက်ကြီးတွေ ကျတာ။ မိသားစုတစ်စုဆို လေးယောက်သေသွားတယ်။ ရပ်ကင်းဘက် လည်း လက်နက်ကြီးကျပြီး ဒဏ်ရာ ရှိတဲ့သူတွေများတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာဗျ” ဟု ပြော သည်။
နှစ်ရက်တာ တိုက်ပွဲအတွင်း ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ထဲ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၄ ခု သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၂၀ နှင့် လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သား ၁၇ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ဆိုသည်။
ထို့အပြင် စစ်လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု TNLA က ထုတ် ပြန်ထားသည်။
ကျောက်မဲမြိုနယ်ထဲတွင် တအာင်းတပ်ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲဝင် (၁၇)နှင့် အတူ ၆၀ မမ ( ၂) လက်၊ စလတ် (၆)လက်၊ RPG-7 (၂)လက်၊ စနိုက်ဘာ (၁) လက်၊ ပစ္စတို (၅)လက်၊ မိုင်း(၅)လုံး၊ ၆၀မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉) မျိုးနှင့် ခဲယမ်းများ စွာကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ တိုက် ခိုက်မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့ က မြို့ပေါင်း ၂၀ ကျော် အပြင် စစ်ကောင်စီ၏ တပ်စခန်းကြီး/ငယ်ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့သည်။