လက်နက်ကြီးကြောင့် ကန့်ဘလူတွင် စစ်ရှောင် လေးဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ၎င်းတို့ စစ်ကြောင်းဝင်ရောက်ခဲ့သည့် ကျေးရွာများရှိ အရပ်သားများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု  ဒေသခံများက ပြောသည်။ 

စစ်ရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာဘက်သို့ ဇူလိုင် ၂၉ ရက်နေ့၊ နေ့လည်ပိုင်းခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူများ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦး က ပြော သည်။

ကျနော်တို့ သူတို့ ဟောင်ဝစ်ဇာနဲ့ ကန့်ဘလူကနေ လှမ်းပစ်တဲ့ ဟောင်ဝစ်ဇာနဲ့ ပစ်တဲ့ဟာက ကျနော်တို့ စစ် ရှောင်တွေထဲ ပြည်သူ ၄ ဦး ထိတယ်ဗျ။ နွားတစ်ကောင် သေတယ်ဗျ။ ပြည်သူလေးယောက်ကတော့ မသေပါ ဘူးဗျ။ ဒဏ်ရာရလို့ ကျနော်တို့ ဆေးကုသပေးနေပါတယ်ဗျ။ ဒဏ်ရာက ပြင်းထန်တာတော့ တစ်ယောက်တည်း ပါဗျ။” 

ကန့်ဘလူမြို့နယ်ရှိ စစ်ရှောင်များ နေထိုင်သည့် နေရာများကို လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့် အပြင် ကျေးရွာများထဲကို စစ်ကြောင်းထိုး ဝင်ရောက်ရာတွင်လည်း အရပ်သား ပြည်သူများ၏ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

အင်အား ၂၀၀ ကျော်ရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းသည်  ဇွန်လ ၂၅ ရက်နေ့ မှ စတင်ပြီး ဇူလိုင်လ ၃၀ ရက် နေ့၊ နံနက်ပိုင်းအချိန်ထိ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများထဲ ဝင်ရောက်ခဲ့ပြီး ပျူစောထီးများနှင့် ပူးပေါင်းကာ တစ်ရွာပြီးတစ်ရွာ မီးရှို့ဖျက်ဆီးနေသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

မီးရှို့တဲ့ရွာတွေက ကျနော်တို့ သရက်ခေါင်းတစ်ရွာ၊ ရှမ်းတပ်တစ်ရွာ၊ မဲသည်တစ်ရွာ၊ နောက်ပြီးတော့ သပြေ သာလေး တစ်ရွာ၊ ဆူးပုတ်ကုန်း တစ်ရွာ၊ ဗိုလ်တဲကုန်း တစ်ရွာ၊ ဗိုလ်ကုန်း တစ်ရွာ၊ ပေလည် တစ်ရွာ သူတို့ အဲ့ဒီ ဟာတွေက စစ်ဘေးရှောင်နေရတာဗျ။ အဲ့ရွာတွေရော အဲ့ရွာနဲ့ နီးတဲ့ရွာတွေရော စစ်ဘေးရှောင်နေရတာဗျ။ စစ် ဘေး ရှောင်နေတာ လောလောဆယ် ကျနော်တို့ ၁၄ ရွာဗျ။

ကျေးရွာ ၁၄ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော်လည်း ပျက်စီးသွားသည့် အိမ်ခြေ အရေအတွက်ကို မူ အတိအကျ မသိရသေးဘူးဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုကြ သည်။

လက်ရှိ ကန့်ဘလူမြို့နယ်ထဲတွင် စစ်ရှောင်နေရသည့် ကျေးရွာ စုစုပေါင်း ၁၄ ရွာရှိပြီး ထိုကျေးရွာများမှ ပြည်သူ သုံးထောင်ကျော်မှာ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ – ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့