အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာက အလေးထားဆွေးနွေးလာကြောင်း NUG ပြော

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို တိုက်ခိုက်သိမ်းယူလာနိုင်တဲ့နောက် နိုင်ငံတကာက အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို အလေးပေး ဆွေးနွေးလာတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။