လားရှိုးစစ်ကူများ ကြားဖြတ်တိုက်ခံရ၍ အများအပြား သေဆုံး

ရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့မိုင်းကိုင်မြို့ဘက်ကနေ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပါတယ်။