ထားဝယ်တွင် ဆီဘောတစ်ခု မီးလောင်၊ လုံခြုံရေး တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းရှိ စက်သုံးဆီများတင်သည့် ဆီဘော (လောင်စာဆီဒိုင်) တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ ၇ ဦး သေဆုံးခဲ့သည်ဟု မြို့ခံများနှင့် ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ပြီးနောက် မီးအကြီးအ

ကျယ်လောင်နေခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ကြက်စားပြင်ရပ်ကွက်သား တစ်ဦးက “ပထမဆုံးပေါက်ကွဲတဲ့ အသံတစ်ချက်က ဂျိမ်း ဆိုပြီး အကျယ်ကြီး ကြားရတာ၊ ပြီးမှ မီးခိုးလုံးမဲကြီးတွေ အလုံးလိုက် ထွက်လာပြီး အသံငယ်တွေ ဆက်တိုက် ပေါက်ကွဲနေတာ” ဟု ပြောသည်။

မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ည ၇ နာရီခွဲအထိ မီးငြိမ်းသတ်နိုင်ရန် ကြိုးစားခဲ့ကြရပြီး  ကနဦး အတည်ပြုချက်အရ သေဆုံးသူ အမျိုးသား ၇ ဦးအထိရှိပြီ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေ ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာများကို မကြာခဏ စစ်ဆေးမှု များ ပြုလုပ်နေသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က မီး‌လောင်နေသည့် နေရာသို့ ရောက်ရှိနေပြီး အနီးပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာများ ကိုပါ စစ်ဆေးနေသည်။

မီးလောင်ပေါက်ကွဲရသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘဲ ဒရုန်းဗုံးကျ၍ဟု ပြောဆိုသည်များ ရှိနေသည့်အပြင် ဆီထည့်နေစဥ် ဖုန်းပြောခြင်းကြောင့်ဟုလည်း အမျိုးမျိုး ထင်ကြေးပေး နေကြသည်ဟု မြို့ခံ အချို့က ဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေသည့်ဆီဘောနှင့် တစ်လမ်းတည်းမှာရှိတဲ့ ကမ်းနားစျေးအနောက်ဘက်ခြမ်းနှင့် ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမည့် သဲကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ထားဝယ်မြို့ပေါ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ နှစ်ရက်အတွင်း ပေါက်ကွဲမှု လေးကြိမ်ထက် မနည်းရှိခဲ့ပြီ ပေါက်ကွဲမှုများမှာ ထားဝယ်ကမ်းနားလမ်းပေါ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။