ထိုင်း နယ်စပ် ထီးခီး စခန်းကို KNU ပူးပေါင်းတပ်များ သိမ်းပိုက်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ထီးခီးဗျူဟာ တပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များက မေလ ၉ ရက် (ယနေ့) တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်၏ ထီးခီးဗျူဟာတပ်စခန်း သိမ်းပိုက်ရရှိသည့် အခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လို သည့် မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

အမည်မဖော်လိုသည့် မြေပြင် သတင်းရင်းမြစ်တစ်ဦးက ထီးခီး အခု ဒီမနက် ၉ နာရီလောက်မှာ သူတို့ တက်သိမ်း လိုက်တယ်ပေါ့နော။ ဒီ တော်လှန်ရေး တပ်ပေါင်းစုတွေ ပေါင်းပြီးတော့ ဒီမနက် ၉ နာရီကျော် လောက်မှာ အကုန်တက်သိမ်းရခဲ့တယ်ပေါ့နော။ အခုကတော့ ကျနော်တို့ တပ်သားတွေ တက်သိမ်း လိုက်ပြီပေါ့နော။ သူတို့အပေါ်မှာ အလံတော့ထူလိုက်ပြီပေါ့နော။ ဟု ပြောသည်။

ထို့အပြင် လက်နက်ခဲ့ယမ်း အချို့ကိုလည်း သိမ်းယူရရှိခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထီးခီးဗျူဟာ တပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ပြပြင်းပြင်း ထန်ထန် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ ထီးထာဗျူဟာ တပ်စခန်းကို KNLA နှင့် တော်လှန် ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုထီးထာဗျူဟာ တပ်စခန်းသည် ယခင်က KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်၏ ဗဟိုဌာနချုပ်ဟောင်း နေရာ ဖြစ်ပြီး ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်ကာ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အဆိုပါ ထီးထာ ဗျူဟာ စခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံ KNLA နှင့် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက် လာသည့် တော်လှန်ရေး ပူးပေါင်း တပ်များက ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပြန်လည် တိုက် ခိုက်သိမ်းပိုက် ရယူနိုင်ခဲ့ကြသည်။

ထီးထာဗျူဟာစခန်းကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်၏ ထီးခီးဗျူဟာတပ်စခန်းကို ဆက်လက် တိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

စတာကတော့ ဒီ ထီးထာစခန်းပြီးတာပေါ့နော။ ထီးထာ စခန်းသိမ်းပြီး ၁၉ ရက်နေ့ပေါ့နော ၁၉ ရက်နေ့ ထီးထာ စခန်းတက်သိမ်းပြီးတော့ ဒီ ၂၂ ကနေ ပြန်စတယ်။ ဒီ ထီးခီးကို ၂၂ ပြန်စတယ်။ အခုဒီ ၅ လပိုင်း ၉ ရက်နေ့မှာ တက်သိမ်းနိုင်တယ်ပေါ့နော

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၄၀ ထက်မနည်း ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ထီးခီးဗျူဟာ တပ်စခန်းသိမ်း တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၂၀၀ နီးပါးသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်း ရှောင် နေကြရပြီး နေထိုင်စားသောက်ရေးနှင့် အကူအညီများလိုအပ်နေသည်ဟု သတင်းရင်း မြစ်က ဆိုသည်။

မေလ ၉ ရက်နေ့ တရက်တည်းတွင် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရှိ စစ်ကောင်စီ၏ ထီးခီး ဗျူဟာ တပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သကဲ့သို့ KNU တပ်မဟာ ၇ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်)မြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းနှင့် KNU တပ်မဟာ ၃ ညောင် လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ – ၅၉၈ အခြေစိုက် တပ်စခန်းတို့ကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။