ဆင်တုတ်ကွေးရောဂါကို တရုတ်က ဒရုန်းများ သုံး၍ တိုက်ဖျက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်။  

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုံပြည်နယ်တွင် ခြင်မှ တဆင့် ကူးစက်သော ဆင်တုတ်ကွေးဟု ခေါ်သည့် Chikungunya ရောဂါ တိုက်ဖျက်ရေးတွင် ဒရုန်းများ၊ ပြစ်ဒဏ်ခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းတို့ကို အသုံးပြု လျက်ရှိသည်။ 

ဗုဒ္ဓဟူးနေ့အထိ ဤရောဂါသည် (Guangdong) ကွမ်းတုံပြည်နယ်တွင် လူပေါင်း ၇,၀၀၀ ကျော်ကို ကူးစက်ခဲ့ သည်။ 

ထို့ကြောင့် နေအိမ်များ အပြင်ဘက်က နေရာများဖြစ်သည့် မ လူသွားလမ်းမများ၊ လူနေရပ်ကွက်များ၊ ဆောက် လုပ်ရေးနေရာများ အပြင် ခြင်နှင့် ထိတွေ့နိုင်သော‌ နေရာများကို ခြင်ဆေး ဖျန်းနေသည်။

ထို့အပြင် ကုန်ထုတ်လုပ်ရေး မြို့တော်ဖြစ်သော Foshan တွင် နေထိုင်သူများအား မိမိတို့ နေထိုင်ရာ နေရာ ပြင်ပ တွင် ရှိသော ရေထည့်ထားသည့် အိုးခွက်များ ရေပုံးများမှ ရေများကို သွန်ပစ်ရန် အမိန့်ပေးထားသည်။ 

အိမ်အပြင်ရှိ ပုံးများ ခွက်များတွင် ခြင်ပေါက်ပွားနိုင်သည့် ရေများ ရှိနေပါက တရုတ်ယွမ်ငွေ ၁၀,၀၀၀  (မြန်မာငွေ သိန်း ၆၀ ကျော်) ဒဏ်ရိုက်ခံရမည်ဟုလည်း ကြေညာထားသည်။ 

ဒရုန်းများကို ရေဝပ်သည့် နေရာများ၊ ရေကန်များ၊ ရေအိမ်များ၊ နေအိမ်ပြင်ပများရှိ ရေတင်နေသော နေရာများကို ရှာဖွေရန် အသုံးပြုခြင်း ဖြစ်သည်။ 

အဆိုပါ Chikungunya ဗိုင်းရပ်စ် ကူးစက်ခံရပါက ၃ ရက်မှ ၇ ရက်အတွင်း ကိုယ်ပူခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ကိုက်ခဲခြင်း၊ အရေပြားတွင် အနီပြင်များ ထွက်ပေါ်လားခြင်းများ ဖြစ်နိုင်သည်။ 

ရောဂါပိုးကို သယ်ဆောင်သည့် ခြင်အမျိုးအစားမှာ Ades ဟု ခေါ်သည့် ခြင်ကြား အမျိုးအစား နှစ်မျိုး ဖြစ်ပြီး  ဤရောဂါကို ကုသသည့် ဆေး မရှိသေးဟု ဆိုသည်။