အိန္ဒိယ-မြန်မာနယ်စပ်တွင် လူနှစ်ဦးကို ငွေအမြောက်အများနှင့် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။ 

အိန္ဒိယ-မြန်မာနယ်စပ်မှာ အရင်းအမြစ် မပြသနိုင်ပဲ အိန္ဒိယ ရူပီးငွေ အမြောက်အများ လက်ထဲထားရှိ သယ်ဆောင်လာသော လူနှစ်ဦးကို အာသံ ရိုင်ဖယ် တပ်ဖွဲ့များက အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် ဖမ်းဆီးလိုက်သည်ဟု PTI သတင်းဌာနက ဖော်ပြသည်။  

ထိုသူ နှစ်ဦးကို ရူပီးငွေ ၆၈ သိန်းနှင့် အတူ မီဇိုရမ်ပြည်နယ် အရှေ့ပိုင်း ချန်ဖိုင်း ခရိုင်တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ဩဂုတ် ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ချန်ဖိုင်းခရိုင်ရှိ ဇိုတဲ (Zote) ရွာတွင် အာသံ ရိုင်ဖယ် တပ်ဖွဲ့က  သတင်းရထားသောကြောင့် ဩဂုတ်လ ၁၁ ရက်နေ့က ကားတစ်စီးကို တားပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

သေချာစွာ စစ်ဆေးပြီးနောက်တွင် လူနှစ်ဦးဆီမှ အိန္ဒိ ငွေ ရူပီး သိန်း ၆၀ ကျော်ကို တွေ့ရှိခဲ့သည်။

ငွေအမြောက်အများ လက်ဝယ် ကိုင်ဆောင်ထားသူ နှစ်ဦးမှာ ဂျိုးဇက် လယ်ထန်ဆန်ဂါ (Joseph Lalthansanga) နဲ့ ဗင်လာရူအာတီ (Vanlalruati) တို့ နှစ်ယောက်ဖြစ်သော်လည်း မည်သည့် နိုင်ငံသား ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။

ထိုသူ နှစ်ဦးသည် မည်သည့်နေရာက မည်သည့်အတွက် ယူဆောင်လာသည့် ပိုက်ဆံတွေ ဖြစ်ကြောင်း သေချာစွာ ပြောပြနိုင်ခြင်း မရှိကြောင်း အာသံရိုင်ဖယ်က သတင်းမီဒီယာများကို ပြောသည်။ 

အာသံရိုင်ဖယ်က သူတို့နှစ်ဦးကို ချက်ချင်းပင် ရဲလက်သို့ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ 

နောက်ထပ် စစ်ဆင်ရေး တစ်ခုတွင် အာသံရိုင်ဖယ်တပ်ဖွဲ့များက အဆိုပါ ဇိုတဲရွာမှာပင် ရူပီး ၇၈ သိန်း တန်ဖိုးရှိသော ဘိန်းဖြူ ၉၁၀၀ ဂရမ် နီးပါးကို ဩဂုတ်လ ၁၃ ရက်နေ့က ဖမ်းဆီး ရမိခဲ့သည်။