တောင်ကိုရီးယားရှိ မြန်မာ ကျောင်းသားများ ကိုယ်အင်္ဂါလှူဒါန်းရန် စာရင်းပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။
တောင်ကိုရီးယားရှိ မြန်မာကျောင်းသား ၃၀ ကျော်သည် အသက်ဝေမျှခြင်း လှုပ်ရှားမှုအတွင်းတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှူဒါန်းရန် စာရင်းပေးခဲ့ကြသည်။
အကယ်၍ ဦးနှောက် သို့မဟုတ် နှလုံး သေဆုံးသွားသည့် အခြေအနေမျိုးတွင် ၎င်းတို့၏ ကိုယ်အင်္ဂါများနှင့် ခန္ဓာကိုယ် တစ်ရှူးများကို ထုတ်ယူနိုင်သည်ဟု မြန်မာကျောင်းသား ၃၆ ဦးသည် ယခုလ ၁၂ ရက်နေ့တွင် စာရင်းသွင်းခဲ့သည်ဟု ကိုရီးယား ကိုယ်အင်္ဂါ လှူဒါန်းရေး အေဂျင်စီ (KODA) က ပြောသည်။
ဘူချွန်ရှိ ကိုရီးယား မြန်မာ ကျောင်းသား အဖွဲ့ *Korean Myanmar Students Association) က မကြာသေးမီက အသက် ဝေမျှရေး လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်ဟု KODA က ပြောသည်။
ကိုယ်အင်္ဂါ လှူခွင့်ရလျှင် လှူဒါန်းမည်ဟု စာရင်းသွင်းသူ ၃၆ ဦးရှိပြီး မြန်မာကျောင်းသား ၄၁ ဦးကတော့ သွေးလှူခဲ့သည်ဟု ဆိုသည်။
ကိုရီးယား နိုင်ငံတွင် ကောင်းမှု လုပ်ချင်၍ ယခုလို ပါဝင်ရခြင်း ဖြစ်သည်ဟု မြန်မာကျောင်းသားများက ပြောကြောင်း KODA က ပြောပြသည်။
KODA အဖွဲ့ ခေါင်းဆောင် Lee Sam-yeol ကတော့ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရင်း စိတ်ကောင်း နှလုံးကောင်းကို ပြသသည့် အတွက် မြန်မာကျောင်းသားများအား လေးစားဂုဏ်ယူကြောင်း ပြောသည်။