Kajiki မုန်တိုင်း အင်္ဂါနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

ဗီယက်နမ်နှင့် လာအို နိုင်ငံများကို ဖြတ်လာမည့် Kajiki မုန်တိုင်းသည် အားပျော့လာပြီး ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း အဖြစ် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါသည်။ 

မုန်တိုင်းအားပျော့သွားမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအနှံ့ မိုးသီးထန်စွာ ရွာသွန်းမှုများ ရှိနိုင်သည်ဟု မိုးလေဝသ ဌာနကို ကိုးကား၍ ဘန်ကောက်ပို့စ် (Bangkok Post) သတင်းဌာနက သတင်းဖော်ပြသည်။ 

 မုန်တိုင်း နောက်ဆက်တွဲများ အဖြစ် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် လည်းကောင်း ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိလည်းကောင်း မိုးသည်းထန်ပြီး လေပြင်းများ ကျရောက်နိုင်သည်ဟု ထိုင်းမိုးလေဝသ ဌာနက ဆိုသည်။ 

အများဆုံး သက်ရောက်မှု ရှိနိုင်သည့် ခရိုင်များမှာ Bung Kan, Chiang Mai, Chiang Rai, Lampang, Lamphun, Loei, Mae Hong Son, Nakhon Phanom, Nan, Nong Bua Lam Phu, Nong Khai, Phayao, Phrae, Sakon Nakhon, Udon Thani and Uttaradit တို့ ဖြစ်ကြောင်း မိုးလေဝသဌာန အထွေထွေ ဒါရိုက်တာ Ms. Sukanyanee Yawinchan က ပြောသည်။ 

မိုးသည်းထန်စွာ ရွာသွန်းမည့် နေရာများတွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း ခရိုင်များနှင့် ထိုင်းတောင်ပိုင်းဒေသ၏ အနောက်ခြမ်းများသည် ပါဝင်နိုင်သည်ဟု ဆိုသည်။

Photo: Meteorological Department