မန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၄ ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

မန္တလေးတိုင်းဒေသကြီးရှိ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်များအား စစ်ကော်မရှင်တပ်က လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် တစ်နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး ခဲ့သည်။

မန္တလေးတိုင်းတွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၄ ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံး
ပြီး အယောက် ၂၀ ကျော် ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များနှင့် တအာင်းတပ် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသော ဖော့တောလမ်းဆုံမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်သားလေး အပါအဝင် ဒေသခံ ၅ ယောက် သေဆုံး ပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ တအာင်းတပ် TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ ကိုလည်း အောက်တိုဘာ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲခဲ့သည်။ 

ကန်တော်ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းအနီးကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ အသက် ၆ နှစ်၊ ၁၀ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၃ ယောက် သေဆုံး ခဲ့ပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့သည်။ 

ယင်းတိုက်ခိုက်မှုကြောင့် အိမ် ၁၁ လုံးနှင့် ဖူဆယ်ကွင်းလည်း ပျက်စီးခဲ့သည်။

TNLA ၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာလ တစ်လတည်းအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၄၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိ ထားကြောင်း ဖော်ပြထားသည်။