Google Gemini AI ဘာသာပြန် App က ဘာသာစကား ၇၀ မျိုးအား တိုက်ရိုက် အချိန်တပြေးညီ ဘာသာပြန်ပေးနိုင်ပြီ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ 

Google သည် ၎င်း၏ Gemini AI နည်းပညာကို အသုံးပြု၍ နားကြပ်များတွင် တိုက်ရိုက်စကားပြန်စနစ် (Live Translation) ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်အောင် စီစဉ်လိုက်သည်။ 

ယခင်က Pixel Buds နားကြပ်များတွင်သာ ရရှိခဲ့သော်လည်း ယခုအခါ မိုက်ကရိုဖုန်းပါဝင်သော မည်သည့်နားကြပ်အမျိုးအစား (Sony, Samsung, Bose စသည်) ဖြင့်မဆို ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်သည်။

ယခု စမ်းသပ်နေသည့် Beta ဗားရှင်းတွင် ဘာသာစကား ၇၀ ကျော်ကို အပြန်အလှန် ဘာသာပြန်ပေးနိုင်ပြီး စကားလုံးများကိုသာမက ဆိုလိုရင်းအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကိုပါ တိကျစွာ ပြန်ဆိုပေးနိုင်သည်။

လောလောဆယ်တွင် အမေရိကန်၊ မက္ကဆီကိုနှင့် အိန္ဒိယနိုင်ငံရှိ Android ဖုန်းအသုံးပြုသူများအတွက် Beta ဗားရှင်းအဖြစ် စတင်ထားပြီး iPhone (iOS) အသုံးပြုသူများမှာ ၂၀၂၆ ခုနှစ်တွင် ရရှိမည်ဖြစ်သည်။