အမေရိကန် Powerball ထီဆုကြေး ဒေါ်လာ ၁.၅ ဘီလီယံအထိ မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

အမေရိကန်နိုင်ငံ၏ Powerball ထီဆုကြေးသည် ဆုကြီးပေါက်သူ မရှိသေးသည့်အတွက် ယခုအခါ ဒေါ်လာ ၁.၅ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကံထူးရှင်ကို ထပ်မံရွေးချယ်မည်ဖြစ်သည်။

ဤဆုကြေးမှာ ယခုနှစ်အတွင်း ဒုတိယအများဆုံး ဆုကြေးဖြစ်ပြီး စက်တင်ဘာလက ၁.၇၈၇ ဘီလီယံအထိ အများဆုံး ဖြစ်ခဲ့ဖူးသည်။

အမေရိကန် ပါဝါဘော ထီမှာ ဂဏန်း ၆ လုံး တိုက်ရရသော ထီအမျိုးအစားဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၂ ဒေါ်လာ ကျသင့်သည်။ ၁ မှ ၆၉ နံပါတ်ထဲမှ ဂဏန်း ၅ လုံးနှင့် ၁ မှ ၂၆ အထိမှ ဂဏန်းတလုံးကို ရွေးချယ်ရသည်။

ဂဏန်းခြောက်လုံးစလုံး တူညီပါက Jackpot ခေါ် ဆုကြီးကို ဆွတ်ခူးမည်ဖြစ်သည်။

ထီပေါက်ခဲ့ပါက အခွန်မဆောင်ရသေးသော ငွေသား ၆၈၆.၅ သန်းကို တစ်လုံးတခဲတည်း ထုတ်ယူနိုင်သကဲ့သို့ ၂၉ နှစ်ကြာ နှစ်စဉ်ကြေးအဖြစ်လည်း ခွဲ၍ ထုတ်ယူနိုင်သည်ဟု Powerball က ကြော်ငြာထားသည်။