ဂျပန်ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဒုတိယ အကြိမ် ဝန်ကြီးချုပ် ဖြစ်လာ၊ မြေရှား သတ္တု ထုတ်လုပ်ရေး အမေရိကန် နှင့် ပူးတွဲ လုပ်ဆောင်မည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်။ 

ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ထပ်မံအတည်ပြုခြင်း ခံခဲ့ရသည်။ 

ဝန်ကြီးချုပ်သည် လာမည့် မတ်လအတွင်း ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ကာ “စီးပွားရေးလုံခြုံရေး” ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းထားသည်။

အထူးသဖြင့် နည်းပညာနှင့် စစ်လက်နက်ထုတ်လုပ်ရေးတွင် အရေးပါသော မြေရှားသတ္တု (Rare Earths) တူးဖော်ရေးလုပ်ငန်းများ၌ အမေရိကန်နှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်နေသည်။ 

ယင်းသည် လတ်တလော တရုတ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေခြင်းအပေါ် တုံ့ပြန်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ် တာကာအီချီသည် အောက်လွှတ်တော်တွင် အမတ်ဦးရေ သုံးပုံနှစ်ပုံကျော် အနိုင်ရရှိထားသည့်အတွက် ၎င်း၏ မူဝါဒများဖြစ်သော စစ်အင်အားတိုးမြှင့်ရေး၊ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်ရေးနှင့် အမျိုးသားသီးသန့် နန်းတက်ခွင့်ဥပဒေကို ဆက်လက်ထိန်းသိမ်းရေး ကိစ္စရပ်များကို အားစိုက်တွန်းအားပေးသွားဖွယ် ရှိသည်။ 

သို့သော်လည်း တစ်ဖက်တွင်မူ ပြည်တွင်းရှိ ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် လူဦးရေလျော့နည်းလာသည့် ပြဿနာများကို ဦးစားပေးဖြေရှင်းရမည့် ဖိအားများနှင့်လည်း ရင်ဆိုင်နေရသည်။