အီရန်ခေါင်းဆောင်သစ်က မော့ဂျ်တာဘာ ခါမေနီက စစ်ဆက်တိုက်မည်ဟု ကြေညာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။ 

အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီ ကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) က ခေါင်းဆောင်သစ်အဖြစ် ပထမဆုံးအကြိမ် သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။ 

အီရန်အစိုးရရုပ်သံမှတစ်ဆင့် ဖတ်ကြားပြခဲ့သည့် အဆိုပါသဝဏ်လွှာတွင် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် အမေရိကန်ထံမှ နစ်နာကြေးတောင်းခံသွားမည်ဖြစ်ပြီး မရရှိပါက အမေရိကန်၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးသွားမည်ဟုလည်း ဖော်ပြထားသည်။ 

အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း အမေရိကန်စစ်စခန်းများကို အမြန်ဆုံးပိတ်သိမ်းရန် သတိပေးထားသည်။ 

တစ်ဖက်တွင်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ခေါင်းဆောင်သစ်၏ အသက်ဘေးကင်းလုံခြုံမှုအတွက် အာမမခံနိုင်ကြောင်း ပြောဆိုကာ တုံ့ပြန်ခြိမ်းခြောက်ထားသဖြင့် အခြေအနေများမှာ ပိုမိုတင်းမာလာလျက် ရှိသည်။