ကုန်တင်သင်္ဘောများ ဘေးကင်းရန်အတွက်  တရုတ်ဟန်ဆောင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။ 

အီရန်စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြားနှင့် ပါရှန်းပင်လယ်ကွေ့အတွင်း ဖြတ်သန်းနေသည့် ကုန်တင်သင်္ဘောများသည် အီရန်၏ တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့ကိုယ်ကိုယ် တရုတ်နိုင်ငံနှင့် ဆက်စပ်နေကြောင်း အချက်ပြစနစ်များတွင် ပြောင်းလဲဖော်ပြလာကြသည်။ 

အီရန်သည် ၎င်းနှင့် စီးပွားရေးအရ ရင်းနှီးသည့် တရုတ်နိုင်ငံနှင့် ဆက်စပ်သော သင်္ဘောများကို တိုက်ခိုက်လေ့မရှိခြင်းကြောင့် ကုန်တင်သင်္ဘောများက ယခုကဲ့သို့ အကာအကွယ်ယူလာကြခြင်း ဖြစ်သည်။

AP သတင်းဌာန၏ ဖော်ပြချက်အရ အနည်းဆုံး သင်္ဘော ၈ စီးခန့်သည် ၎င်းတို့၏ တည်နေရာပြစနစ် (AIS) တွင် “တရုတ်ပိုင်” (CHINA OWNER) သို့မဟုတ် “တရုတ်သင်္ဘောသားများ” (CHINA CREW) ဟူသော စာသားများကို ပြောင်းလဲအသုံးပြုနေကြကြောင်းသည်ဟု ဆိုသည်။ 

အဆိုပါသင်္ဘောအများစုမှာ ပနားမားနှင့် မာရှယ်အိုင်းလန်းနိုင်ငံများတွင် မှတ်ပုံတင်ထားသော်လည်း တရုတ် မှတ်ပုံတင်အဖြစ် ပြောင်းလဲ ဖော်ပြကြခြင်း ဖြစ်သည်။  

စစ်ပွဲစတင်ကတည်းက ဒေသတွင်း၌ ကုန်တင်သင်္ဘော ၁၉ စီးထက်မနည်း တိုက်ခိုက်ခံထားရသဖြင့် ယခုကဲ့သို့ ဘေးကင်းရေး ဗျူဟာကို အသုံးပြုလာကြခြင်း ဖြစ်သည်။